ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


လွိုင်ကော်၊ ဇူလိုင် ၁၁

ကယားပြည်နယ်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဥပဒေ၊ နည်းဥပဒေများ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးအတွက် ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြည်နယ်အတွင်း လယ်ယာမြေအပေါ်အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုမိန့်ချပေးထားသောလုပ်ငန်းများ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိစိစစ်ရန်နှင့် စိစစ်ချက်များအား ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအမြန်ပြီးပြတ်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန အတွင်းရေးမှူးက ယခင်လယ်ယာမြေများ အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်များထုတ်ပေးထားမှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူအသီးသီးကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)