ဥရောပနိုင်ငံတွေက ရွှေ့ပြောင်းတွေကိုလက်ခံပြီး ကိုယ့်ကိုယ်ကို သတ်သေနေကြတာလို့ ထရမ့်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပနိုင်ငံတွေက ရွှေ့ပြောင်းတွေကိုလက်ခံပြီး ကိုယ့်ကိုယ်ကို သတ်သေနေကြတာလို့ ထရမ့်ပြော


ဇူလိုင် - ၂၇ ( တနင်္ဂနွေနေ့ ) 

ဥရောပနိုင်ငံတွေက ၁၀ စုနှစ် ၁ ခုကျော်လာပြီဖြစ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်မှုကို လက်ခံနေတာနဲ့ ပတ်သက်ပြီး အကျပ်အတည်းတွေကို ရင်ဆိုင်ရုန်းကန်နေရတာက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ တူနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ အဲ့ဒါတွေကို ချက်ခြင်းကာကွယ်ဖို့လိုကြောင်းနဲ့ မလုပ်နိုင်ရင်ထိန်းချုပ်နိုင်မှု ဆုံးရှုံးပြီး ဥရောပတိုက်ကြီးတစ်ခုလုံး ပျက်စီးသွားနိုင်ကြောင်းကိုလည်း ပြောပါတယ်။ 

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှာ ဖြစ်ပေါ်နေတဲ့ သတ်ဖြတ်မှုတွေ နဲ့ စစ်ပွဲတွေကြောင့် ဥရောပကို ရွှေ့ပြောင်းတွေ ဝင်ရောက်မှု များလာသလို ယူကရိန်းစစ်ပွဲကြောင့် ဥရောပနိုင်ငံတွေကို ရွှေ့ပြောင်းတွေ ဝင်ရောက်မှု ပိုများလာပါတယ်။ အီးယူကော်မရှင်ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ပုံမှန်မဟုတ်သော နယ်စပ်ဖြတ်ကျော်မှု ၃၈၅,၄၄၅ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၅ အတွင်းမှာလည်း မနှစ်က ဒီအချိန်ထက် ရွှေ့ပြောင်းဝင်ရောက်မှုက ပိုနေပါတယ် လို့ သိရပါတယ်။ 

"မင်းရဲ့နိုင်ငံတွေကို ဒီလိုဖြစ်ခွင့်ပေးမှာလား၊ ဒီကြောက်စရာကောင်းတဲ့ ကျူးကျော်လာမှုကို ရပ်တန့်ဖို့ မကြိုးစားကြတော့ဘူးလား။ တကယ်ပါဗျာ ဥရောပမှာ ဖြစ်ပျက်နေတာက တော်တော်ဆိုးနေတာပါ" လို့  စကော့တလန်သို့ ငါးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်းမှာ ပြောသွားပါတယ်။ သူက စကော့တလန်ကို ဂေါက်ရိုက် အပန်းဖြေစခန်းများ အပါအဝင် အခြား စီးပွားရေးစိတ်ဝင်စားမှုများလုပ်ဖို့အတွက် လာရောက်ခဲ့တာပါ။ “လူဝင်မှုကြီးကြပ်ရေးက ဥရောပကို သတ်ဖြတ်နေတယ်။ ခင်ဗျားတို့ အခု မလုပ်ဘူးဆိုရင် ဥရောပဆိုတာ ပျောက်သွားမယ်” လို့ သမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ထရမ့်က အမေရိကန်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်တဲ့ ၎င်းရဲ့ အစိုးရအဖွဲ့ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြကာ တောင်ပိုင်းနယ်စပ်တလျှောက် အရှိန်မြှင့်တင်းကြပ်ထားကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့ပါသေးတယ်။ “ခင်ဗျားတို့သိတဲ့အတိုင်း ပြီးခဲ့တဲ့လက ကျနော်တို့နိုင်ငံကို ဘယ်သူမှ မဝင်ရောက်ဘူး။ လူဆိုးတွေ တော်တော်များများကိုလည်း ဖယ်ရှားခဲ့တယ်”လို့ ဆိုပါတယ်။  

ဥရောပရှိ ရွှေ့ပြောင်းအခြေချမှုအကျပ်အတည်းသည် တိုက်ကြီးတစ်ဝှမ်းတွင် မတူညီသောတုံ့ပြန်မှုများဖြင့် ကြုံတွေ့ခဲ့ရပါတယ်။ အချို့နိုင်ငံများတွင် ခိုလှုံခွင့်တောင်းသူများကို အစပိုင်းတွင် ကြိုဆိုခဲ့သော်လည်း နောက်ပိုင်းမှာ လုံခြုံရေးနှင့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လာလို့ နယ်စပ်ထိန်းချုပ်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ပြန်လည်တင်းကျပ်လာကြပါတယ်။

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ဥရောပရဲ့ ရွှေ့ပြောင်းနေထိုင်မှုမူဝါဒကို အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး အထိန်းအကွပ်မဲ့ ရွှေ့ပြောင်းနေထိုင်မှုသည် “ဥရောပရဲ့ အခြေခံယဉ်ကျေးမှု အုတ်မြစ်ကို ဖျက်ဆီးပစ်လိပ်မယ့်”လို့ သတိပေးခဲ့ပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)