ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 


လွိုင်လင် ၊  ဇူလိုင် ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)သုံး ထပ်စာသင်ဆောင်ရှေ့တွင် သစ်တောဦးစီးဌာန ခရိုင်အဆင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်အားပေးခဲ့သည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပိုလီတက္ကနစ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သစ်တောဦးစီးဌာနခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လွိုင်လင်တပ်နယ်မှူးက ဒုတိယပါမောက္ခချုပ်များအား စိုက်ပျိုးမည့် ပျိုးပင်များကိုလည်းကောင်း၊  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များကိုလည်းကောင်း အသီးသီးပျိုးပင်များပေးအပ်ပြီး တပ်နယ်မှူးမှဦးဆောင်၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။


ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)တွင် ယနေ့စိုက်ပျိုးသည့် သစ်ပင်များမှာ ကံ့ကော် ၅ ပင်၊ ခရေ ၄၀၊ ချယ်ရီ ၇၅၊ ခါတော်မီ ၅၀ ၊ စိန်ပန်းပြာ ၇၅ ၊ စိန်ပန်းနီ ၅၀ ၊ စိန်တံချူ ၅၀ ၊ သပြေဘူတ ၅ ပင် စုစုပေါင်း သစ်ပင် (၃၅၀)ပင်ဖြစ်ကြောင်း သိရသည်။


လွိုင်လင်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)