ဘားအံမြို့၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ




ဘားအံ  ၊ ဇူလိုင် ၁၆


၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇုန်(၄)ဇုန်ခွဲ၍  အုပ်စုပွဲစဉ်များ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီက အုပ်စု(ဂ)ဘားအံဇုန် စတုတ္ထမြောက်အုပ်စုပွဲစဉ်အဖြစ် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့်  အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြသည်။


 အဆိုပါပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇူလိုင် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ယနေ့ယှဉ်ပြိုင်သည့် မွန်ပြည်နယ် အသင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ ပွဲစဉ်ကို ဘားအံမြို့နှင့်ပတ်ဝန်ကျင်ဒေသများမှ ဘောလုံးအားကစားဝါသနာရှင်များ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မွန်ပြည်နယ်အသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။  အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ကရင်ပြည်နယ်အသင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။


 စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)