ချမ်းမြသာစည် ၊ ဇူလိုင် ၁၆
မန္တလေး၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ကြီးမှူး၍ မြန်မာပြည်ဖွားတရုတ် မျိုးနွယ်စုများနှင့် စေတနာရှင်၊အလှူရှင်များစုပေါင်း၍ ချမ်းမြသုခဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများနှင့်လူမှုကူညီရေးအသင်းမှ စေတနာ့ ဝန်ထမ်းအသင်းဝင်များအား ဆန်၊ ဆီနှင့် ပဲများထောက်ပံ့လှူဒါန်းပွဲကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ရှိ ချမ်းမြသုခ လူမှုကူညီရေးအသင်းတွင် ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။
အခမ်းအနားတွင် ချမ်းမြသုခလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်က အသင်းကြီး၏ ဆောင်ရွက်ချက်များနှင့်အတူ မုဒိတာ စကားပြောကြားပြီး ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွန်းက လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မန္တလေး၊ ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းဂေါပကအဖွဲ့၊ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်စုများနှင့် စေတနာရှင်၊အလှူရှင်များက ဘိုးဘွားရိပ်သာမှ အဘိုး၊အဘွား(၁၀၅)ဦး၊ လူမှုရေးအသင်းမှ စေတနာ့ဝန်ထမ်း ၇၀၊ စုစုပေါင်း ၁၇၅ဦးတို့အား ဆန်ခြောက်ပြည်၊ ကုလားပဲ တစ်ပိဿာ၊ စားဆီ (၄၃)ကျပ်သားစီကို ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ချမ်းမြေ့
https://t.me/MyanmarNationalPost

No comments:
Post a Comment