ဝေါမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ




ဝေါ ၊  ဇူလိုင် ၃


ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်သစ်​တောဦးစီးဌာနက ဝေါမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့ နံနက်(၈)နာရီက တမာတကေကျေးရွာအုပ်စု၊ တမာတကေကျေးရွာရှိ ပဲခူး-စစ်တောင်းတူးမြောင်းဘေး၌ ကျင်းပကြောင်း သိရသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ ဦး​ဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ​ကျောင်းသား၊​ ကျောင်းသူများအား ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းနှင့် ဝန်ထမ်းများက ပျိုးပင်များကို ဖြန့်ဝေပေးသည်။


ထို့နောက် တက်ရောက်လာသူများက အရိပ်ရ​လေကာပြီး စိမ်းလန်းစိုပြည်သာယာလှပ​စေရေးအတွက် သစ်​တောသစ်ပင်များအပါအဝင် အရိပ်ရပြီး အပွင့်ပွင့်သည့် သစ်မျိုးများဖြစ်သော ပိ​တောက်၊ ပျဥ်းမ၊​​ သ​ပြေကြီး၊ မယ်ဇလီ၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ငု​ရွှေဝါ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ စသည့် ပျိုးပင်​ပေါင်း (၅၁၉)ပင်အား စု​ပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)