ဇူလိုင် - ၅ ( စနေနေ့ )
ဂျာမနီက အရန်တပ်ဖွဲ့ဝင်ဦးရေ နှစ်ဆတိုးလာစေရန် ရည်ရွယ်ပြီး အရွယ်ရောက်ပြီးသူများကို ဆန္ဒအလျောက် ခြောက်လကြာ စစ်မှုထမ်းနိုင်ရန် စီစဉ်နေကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား - ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစ၍ ဘာလင်သည် ရုရှား၏ ခြိမ်းခြောက်မှုကို ကိုးကားပြီး ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ပါတယ်။ မော်စကိုက နေတိုးနိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ်နေတယ်ဆိုပြီး အကြိမ်ကြိမ် စွပ်စွဲကာ အနောက်နိုင်ငံများကို စစ်အသုံးစရိတ် တိုးမြင့်ဖို့ တိုက်တွန်းနေတဲ့ ၎င်းတို့ရဲ့ လူထုကိုလည်း တမင်တကာ ခြောက်လှန့်နေပါတယ်။
ယခုနှစ်အစောပိုင်းတွင် ဂျာမန်အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ် က ဂျာမနီကို ဥရောပတွင် အကြီးမားဆုံး စစ်တပ်ပိုင်ဆိုင်မှုရှိအောင် ကြိုးစားမယ်လို့ဆိုပြီး ကာကွယ်ရေးဝန်ကြီး ကို ၂၀၂၈ အတွက် ဂျာမနီရဲ့စစ်အသုံးစရိတ်ကို ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၂ ဘီလီယံ) အထိ "ရုတ်ချည်းတိုးမြှင့်" ဖို့ခွင့်ပြုပေးလိုက်ပါတယ်။
ဂျာမနီအစိုးရက စေတနာ့ဝန်ထမ်းများကို ဆွဲဆောင်နိုင်ခြင်းကြောင့် ကြိုတင်စာရင်းပေးသူ ဦးရေ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ဝန်းကျင်အထိ တိုးမြင့်လာစေမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ခြောက်လတာဝန်ဆောင်မှုအတွင်း စေတနာ့ဝန်ထမ်းများသည် တင့်ကား သို့မဟုတ် ထရပ်ကား ယာဉ်မောင်း လိုင်စင်များ ရရှိရန် အခွင့်အရေးရမှာဖြစ်သလို အစောင့်အကြပ်ကဲ့သို့သော "ရိုးရှင်းသောအလုပ်များ" ကို သင်ယူကြ မှာဖြစ်ပါတယ်။ အဲ့ဒိထဲကမှ စေတနာ့ဝန်ထမ်းအချို့ကို စစ်တပ်တွင် အသက်မွေးဝမ်းကြောင်း ပြုလာဖို့ ဘာလင်အစိုးရက မျှော်လင့်ထားပါတယ်။
ကာကွယ်ရေးဝန်ကြီးကတော့ အဲ့ဒိဥပဒေကို ဩဂုတ်လကုန်တွင်အပြီးသတ်ပြဋ္ဌာန်းပေးနိုင်ပါက ပထမဦးဆုံး စေတနာ့ဝန်ထမ်း သင်တန်းများကို လာမည့်နှစ် မေလတွင် စတင်နိုင်မယ်လို့ ပြောပါတယ်။
ဂျာမန်စီးပွားရေး သမားတွေကတော့ လူငယ်တွေကို စစ်တပ်ထဲဝင်ခိုင်းတာက တိုင်ပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လုပ်သားရှားပါးမှု ဖြစ်လာစေပြီး ကုန်ထုတ်လုပ်မှု ကျဆင်းစေတယ်ဆိုပြီး အစိုးရကို ဝေဖန်နေပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment