သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ



ဗိုလ်တထောင်၊ ဇူလိုင် ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှကြီးမှူးဖွင့်လှစ်သည့် သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ၊ အလှူငွေပေးအပ်ပွဲနှင့် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို ပထမဦးစွာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌဦးမြတ်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဦးသိန်းအေးက သတင်းစာပညာသိမှတ်ဖွယ်ရာများ သင်တန်းရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။


ထို့နောက် အလှူငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ သင်တန်းသားများအား အသင်းဝင်လျှောက်လွှာများပေးအပ်ခြင်းတို့ ဆက်လက်ဆောင် ရွက်ရာ တာဝန်ရှိသူအသီးသီးမှ ပေးအပ်လက်ခံခြင်းများဆောင်ရွက်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ခဲ့ကြ၍ ဖွင့်ပွဲအခမ်းအနားပြီးမြောက်ခဲ့သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်သည့် ဧည့်သည်တော်များနှင့် သင်တန်းသားသင်တန်းသူများအား မနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားအပြီးတွင် သင်တန်းကိုဆက်လက်သင်ကြားပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၄၁)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇူလိုင်  ၁၄ ရက်မှ ၁၈ ရက်နေ့အထိ (၅)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။


ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)