တရုတ် - အိန္ဒိယ ဆက်ဆံရေးက ဖြည်းဖြည်း ကောင်းလာမှာပါလို့ နိုင်ငံခြားရေး ဝန်ကြီးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် - အိန္ဒိယ ဆက်ဆံရေးက ဖြည်းဖြည်း ကောင်းလာမှာပါလို့ နိုင်ငံခြားရေး ဝန်ကြီးဆို


ဇူလိုင် - ၁၅ ( အင်္ဂါနေ့ ) 

နယူးဒေလီနှင့် ပေကျင်းကြား ဆက်ဆံရေးသည် ပြီးခဲ့တဲ့ ကိုးလအတွင်း အပြုသဘောဆောင်တဲ့ ဦးတည်ချက်ဖြင့် တဖြည်းဖြည်းရွေ့လျားလာနေပါတယ် လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာ က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနဲ့ တနင်္လာနေ့ကတွေ့ဆုံစဉ် မှာ ပြောကြားခဲ့ပါတယ်။ 

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွက် တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ဂျေးရှန်ကာ က နယ်စပ်တစ်လျှောက် တင်းမာမှုများကို ဖြေရှင်းရန်နှင့် ထိုနေရာများတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှုတွေမှာ တိုးတက်မှု ရှိနေကြောင်းကို ဝမ်ယီ အားပြောပြခဲ့ပါတယ်။  

"၂၀၂၄ ခုနှစ် အောက်တိုဘာလက ကာဇတ်စတန် မှာ ကျနော်တို့ ခေါင်းဆောင်တွေ တွေ့ဆုံပြီးကတည်းက အိန္ဒိယ-တရုတ် ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ ဦးတည်ရာကို တဖြည်းဖြည်း ရွေ့လျားနေပါတယ်။ အဲ့ဒါကို အရှိန်အဟုန်နဲ့ ထိန်းသိမ်းဖို့ပဲ လိုပါတယ်" လို့ ၎င်းကဆိုပါတယ်။ 

ကာဇတ်စန်တွင်ကျင်းပခဲ့တဲ့ ၂၀၂၄  BRICS ထိပ်သီးအစည်းအဝေးပြင်ပ တွေ့ဆုံမှု၌ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီ နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ကြား ဆွေးနွေးမှုသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်နိုင်ငံကြား ဆက်ဆံရေးကို တည်ငြိမ်စေခဲ့ပြီး ၂၀၂၀ ကတည်းက ဟိမဝန္တာတောင်တန်းများတလျှောက် ဖြစ်ပွားနေတဲ့ နယ်ခြားတိုက်ပွဲများက တဖြည်းဖြည်းချင်း လျော့နည်းလာပါတယ်။ 

 “ကွဲလွဲမှုတွေဟာ အငြင်းပွားမှုတွေ မဖြစ်သင့်သလို ပြိုင်ဆိုင်မှုတွေက ပဋိပက္ခ မဖြစ်သင့်ဘူးလို့လည်း အစောပိုင်းက သဘောတူထားပါတယ်။ ဒီအခြေခံအုတ်မြစ်ပေါ်မှာ၊ အပြုသဘောဆောင်တဲ့ လမ်းကြောင်း တလျှောက် ကျနော်တို့ရဲ့ ဆက်ဆံရေးကို ဆက်လက်တည်ဆောက်နိုင်ပါပြီ" လို့ ဆိုသွားပါတယ်။

ငါးနှစ်ကြာပိတ်ထားပြီးနောက် အိန္ဒိယဘုရားဖူးများကို တိဗက်ရှိ မြင့်မြတ်သောနေရာများသို့ သွားရောက် ကြည့်ရှုခွင့်ပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးမှ ပြောကြားရာတွင် "ကျနော်တို့ ရဲ့  ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှုကို ပုံမှန်ဖြစ်စေရန် ဆောင်ရွက်ချက်များ" က "နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပါတယ်” လို့ ဆိုသွားပါတယ်။ 

တနင်္လာနေ့အစောပိုင်းက ဂျေးရှန်ကာက တရုတ်ဒုသမ္မတ ဟန်ဇန်း ကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးကို ပုံမှန်ပြန်လည်ထားရှိရန် တောင်းဆိုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)