(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၆

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများ တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ယနေ့တွင် အမျိုးသား Nage- no- Kata (နာဂေနိုခတ) ပြိုင်ပွဲများ၊ အမျိုးသမီး Ju- no- Kata (ဂျူးနိုခတ) ပြိုင်ပွဲများ၊ အမျိုးသားအမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ၍ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအားဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်အနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများ ရရှိစေရန်အတွက် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၏ မှာကြားချက်များနှင့်အညီ ဂျူဒိုအားကစား သမားများအား လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ခြင်းပြိုင်ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇွန် ၂၁ ရက်တွင်လည်းကောင်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)