နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခွန်ရငွေတိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခွန်ရငွေတိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 





နေပြည်တော် ၊ ဇူလိုင် ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခွန်ရငွေတိုးတက်ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်မှ ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်များတွင် အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေး အထောက်အကူပြုအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ရသင့်ရထိုက်သောအခွန်ငွေများရရှိမှသာ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း၊ လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမရှိပဲ အခွန်အရင်းအမြစ်ကျယ်ပြန့်စေခြင်းဖြင့် အခွန်ရငွေနှင့် GDP အချိုးမြင့်မားလာစေရန်အတွက် အခွန်ပညာပေးဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ အခွန်ထမ်းသစ်များတိုးချဲ့ဖော်ထုတ်ခြင်း၊ ထိရောက်ကောင်းမွန်သော အခွန်ဆိုင်ရာဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ စားသောက်ဆိုင်များနှင့်အရောင်းဆိုင်များတွင် ပြေစာအခွန်အမှတ်တံဆိပ်ကပ်နှိပ်နိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပျက်ကွက်သောလုပ်ငန်းရှင်များကိုလည်း ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်အတွင်း အခွန်ကောက်ခံရရှိမှု တိုးမြှင့်လာစေရေးအတွက် အခွန်ထမ်းသစ်များတိုးချဲ့ဖော်ထုတ်ခြင်း၊ အခွန်လွတ်ကင်းမှုများဖြစ်ပေါ်နေသည့် နယ်ပယ်များကိုရှာဖွေဖော်ထုတ်ခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အခွန်‌ကောက်ခံနေသည့်ဌာနများကိုလည်း စနစ်တကျကြပ်မတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။


အောင်သူရဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)