ရုရှား ကုန်သွယ်ရေးပါတနာတွေကို ၅၀၀% အခွန်စည်းကြပ်မယ်ဆိုလို့ တရုတ်ပေါက်ကွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား ကုန်သွယ်ရေးပါတနာတွေကို ၅၀၀% အခွန်စည်းကြပ်မယ်ဆိုလို့ တရုတ်ပေါက်ကွဲ


ဇူလိုင် - ၁၆ ( ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကို ပျက်ပြားစေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က ရုရှားရဲ့ ကုန်သွယ်ရေးမိတ်ဖက်များကို ပြင်းထန်စွာ စည်းကြပ်ခွန်များ ချမှတ်မယ်လို့ ဆိုလာပါတယ်။ ၅၀၀ % အခွန်စည်းကြပ်မှု က "တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ" ဖြစ်တယ်လို့  တရုတ်က အမေရိကန်ရဲ့ အစီအစဉ်များကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

အဲ့ဒိကိစ္စကို အကြံပေးတာက ဆီးနိတ် အမတ် လင်ဆေးဂရေဟမ်ဖြစ်ပြီး အတည်ပြုဖြစ်ပါက ရုရှားရဲ့ အဓိက ကုန်သွယ်ဖက်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနှင့် ဘရာဇီးတို့ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

အကောက်ခွန် ခြိမ်းခြောက်မှုဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က “တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့် ဝါးလုံးရှည်နဲ့ သိမ်းကြုံး ရမ်းတာ ကို ဘေဂျင်းက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” လို့ သတင်းထောက်များအား မနေ့က ပြောကြားခဲ့ပါတယ်။ “အကောက်ခွန်စစ်ပွဲမှာ အောင်နိုင်သူ မရှိဘူး။ တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းသည် ပဋိပက္ခကို အဆုံးသတ်ရန် တစ်ခုတည်းသော အလားအလာရှိသော နည်းလမ်းဖြစ်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

ဂရေဟမ်ကတော့ အဲ့လိုလုပ်လိုက်မှ ရုရှားကို တုတ်နဲ့ ထိုးလိုက်သလိုဖြစ်သွားမှာ။ ဒီလိုမှ မဟုတ်ရင် ရုရှားက ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဖြစ်နေတယ်လို့ ဆိုသွားပါတယ်။  မော်စကိုအစိုးရကတော့ အဆိုပါ ပိတ်ဆို့အရေးယူမှုများကို တရားမ၀င်အဖြစ် ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံများက ယူကရိန်းပဋိပက္ခကို အသုံးချကာ ရုရှား ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့လုပ်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ 

ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး သဘောတူညီချက်မရရှိခဲ့ပါက ရုရှားနှင့် ဆက်လက် ကုန်သွယ်နေသော နိုင်ငံများအပေါ် အခွန် ၁၀၀ % အထိ ကောက်ခံမယ်လို့  ထရမ့်က တနင်္လာနေ့တွင် ဘဲဥပုံရုံး၌ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရက်တီ နဲ့ တွေ့ဆုံစဉ်  ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

တရုတ်သည် ရုရှား၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင်ဒေါ်လာ ၂၄၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ပေကျင်းအစိုးရက မော်စကိုအပေါ် "တစ်ဖက်သတ်" ပိတ်ဆို့အရေးယူမှုများကို အဆက်မပြတ်ကန့်ကွက်ခဲ့ပြီး ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကို ပြေလည်အောင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားတာရှိပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)