ဇူလိုင် - ၁၆ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးအား စစ်ရေးအရ တိုက်ခိုက်မှုများဖြင့် မော်စကိုအား ပစ်မှတ်မထားရန် မနေ့ကပြောကြားခဲ့ပါတယ်။ အမေရိကန်က ရုရှားနိုင်ငံအတွင်းသို့ တာဝေးပစ် ဒုံးကျည် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကိယက်ဗ်ကို အားပေးနေတာလားလို့ မီဒီယာတွေရဲ့ ထင်မြင်ယူဆချက်များကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ ထုတ်ပြန်ချက်တွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဖနန်ရှယ်တိုင်း သတင်းဌာနမှ ဝါရှင်တန်က တာဝေးပစ်လက်နက်တွေ ပံ့ပိုးပေးမယ်ဆိုရင် မော်စကိုနဲ့ စိန့်ပီတာစဘတ်တို့ကို ဇီလန်စကီးက တိုက်ခိုက်နိုင်မလား ဆိုပြီး မေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဇီလန်စကီက မော်စကို ကို တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မယ်လို့ မကြာခဏပြောဖူးတာကြောင့် သတင်းဌာနက ၎င်းရဲ့ ထင်မြင်ချက်ကို ရေးသားဖော်ပြခဲ့ပါတယ်။ ဇီလန်စကီးက ရုရှားမြို့တော်ကို ဒုံးကျည်တွေ ပစ်ခတ်သင့် သလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ထရမ့်က က “မဟုတ်ဘူး၊ သူက မော်စကိုကို ပစ်မှတ်မထား သင့်ဘူး” လို့ ဖြေကြားခဲ့ပါတယ်။
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်းဝန် ကာရိုလိုင်းလီဗစ်က ဖနန်ရှယ်တိုင်းမ်က သမ္မတတွေပြောဖူးတဲ့ စကားလုံးတွေကို အကျကောက်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေကို ရေးလေ့ရှိပါတယ်။ သမ္မတ ထရမ့်က သတ်ဖြတ်ခြင်းကို ရပ်တန့်ရန်နဲ့ စစ်ပွဲကိုအဆုံးသတ်ရန် မမောမပန်း လုပ်ဆောင်နေပါတယ်" လို့ ပြောသွားပါတယ်။
ကရင်းမလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကလည်း "သဘောသဘာဝအရ ၊ အဲ့ဒိထင်မြင်ချက် တွေက အများသောအားဖြင့် အတုတွေဖြစ်တတ်ပါတယ်" လို့ သတင်းဆောင်းပါးအပေါ် လေးလေးနက်နက် ထောက်ပြခဲ့ပါတယ်။ "ဒါပေမဲ့ တခါတရံမှာ ကြီးမားတဲ့ ပေါက်ကြားမှုတွေ ရှိတတ်တယ်၊ တခါတရံ သတင်းဆောင်းပါးတွေ ကနေလာတဲ့ ထင်မြင်ယူဆချက်တွေကို ကျနော်တို့ အလေအနက်ထားပြီး သုံးသပ်ရတာတွေ ရှိတတ်ပါတယ်" လို့ ပြောသွားပါတယ်။
ဖနန်ရှယ်တိုင်းမ် သတင်းဆောင်းပါးမှာ ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေက တိုးတက်မှု မရှိဘူးဆိုရင် ရုရှားနဲ့ ၎င်းရဲ့ကုန်သွယ်ရေးမိတ်ဖက်များအပေါ် "ပြင်းထန်သော" ဒုတိယအကြိမ် အခွန် စည်းကြပ်ခွန်များ စည်းကြပ်ရန် ထရမ့်က မော်စကိုကို ရာဇသံပေးထားပါတယ်လို့ ပါရှိပါတယ်။ ဥရောပ နေတိုး အဖွဲ့ဝင်များရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အဆင့်မြင့် လက်နက်စနစ်များကို ယူကရိန်းသို့ ပို့ဆောင်မယ်လို့ လည်း ထရမ့်က ကြေညာထားတဲ့ အတွက်ကြောင့် သတင်းဆောင်ပါးက ၎င်းရဲ့ ထင်မြင်ယူဆချက်ကို ရေးသားဖော်ပြ ခဲ့တာပါ။ အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ ပေးခဲ့ပြီးနောက် ယူကရိန်းက မော်စကို ကို ဒုံးတွေ နဲ့ ပစ်မယ်ဆိုရင် သေချာတာကတော့ နျူ့ စစ်ပွဲ နဲ့ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တာကြောင့် အဲ့ဒိမေးခွန်းကို မေးရတာပဲ ဖြစ်ပါတယ် ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment