မြိတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ဘာသာဂုဏ်ထူးရှင်ခုနစ်ဦး အပါအဝင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ၂၆၀ရှိပြီး အောင်မြင်သူ ၁၄၁၄ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ခြောက်ဘာသာဂုဏ်ထူးရှင်ခုနစ်ဦး အပါအဝင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ၂၆၀ရှိပြီး အောင်မြင်သူ ၁၄၁၄ဦးရှိ


မြိတ်၊ ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/ကျောင်းသူများတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ခုနစ်ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူ ၂၆၀ ရှိကာ အောင်မြင်သူ စုစုပေါင်း ၁၄၁၄ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၅၇ ဒသမ ၁၁ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံး အပါအဝင် စာစစ်ဌာနကျောင်းများတွင် ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာပေးခဲ့ရာ ခြောက်ဘာသာ ဂုဏ်ထူးရှင်ခုနစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၃ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၆ဦး၊ သုံးဘာသာဂုဏ်ထူးရှင်၂၆ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၅၉ဦးရှိကြကာ စုစုပေါင်း ဂုဏ်ထူးရရှိသူ၂၆၀ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မြိတ်မြို့နယ်မှ ၀င်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ၂၄၇၆ဦး၌ ၁၄၁၄ဦးအောင်မြင်ခဲ့ကြသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)