ဝမ်းတွင်းမြိုနယ်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြိုနယ်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ




ဝမ်းတွင်း ၊  ဇူလိုင် ၂၈


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း (သဲတော-ဝမ်းတွင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားနှင့်စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများအား ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း(၃၅၀)ဦး၊  တက်ရောက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)