ဇူလိုင် - ၂၈ ( တနင်္လာနေ့ )
အေအိုင် (ဉာဏ်ရည်တု) နဲ့ ပက်သက်လာရင် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပြီး နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျော့ဖရေဟင်တန် က လူသားများကို မထိခိုက်စေရန်အတွက် AI စနစ်များကို လေ့ကျင့်သင်ကြားရာတွင် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများအား ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားပြီး လျင်မြန်စွာ တိုးတက်နေသော အေအိုင် နည်းပညာသည် မကြာမီ လူသားဉာဏ်ရည်ကို ကျော်လွန်သွားဖွယ်ရှိကြောင်း သတိပေးခဲ့ပါတယ်။
စနေနေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့အေအိုင်ညီလာခံ (WAIC) မှာ မတူကွဲပြားတဲ့ အမျိုးသား အကျိုးစီးပွားတွေရှိနေပေမဲ့ ဘယ်နိုင်ငံမှ အေအိုင်က လူသားတွေကို လွှမ်းမိုးချင်မှာ မဟုတ်ဘူးလို့ ဟင်တန်က ပြောကြားခဲ့ပါတယ်။
“အေအိုင်သုံးပြီးတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ လူတွေရဲ့ အသက်ကို ရန်ရှာတဲ့ အဝေးထိန်းလက်နက် ပစ်ခတ်တိုက်ခိုက်မှု၊ နောက်ပြီး လူတွေရဲ့စိတ်ကို လွှမ်းမိုးချယ်လှယ်နိုင်တဲ့ ဗီဒီယိုအတုတွေက မကြာမီကာလမှာ ပေါ်ပေါက်လာတော့မှာပါ။ အဲ့ဒိထိုးစစ်တွေ မလာခင်မှာ အေအိုင် အသုံးပြုမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေလိုအပ်နေပါပြီ လို့ ပြောသွားပါတယ်။
သူက စစ်အေးကာလအတွင်းမှာ ရုရှား နဲ့အမေရိကန်တို့က နျူ့လက်နက်မပြန့်ပွားအောင် ထိန်းကြောင်းနိုင်ခဲ့တဲ့ ပုံစံမျိုး အေအိုင်ကို ဝိုင်းထိန်းဖို့ လိုကြောင်း၊ အဲ့ဒိလိုထိန်းချုပ်တယ်ဆိုပေမဲ့ လူသားတွေထက်သာတဲ့ အေအိုင် ဖွံ့ဖြိုးမှုကိုလည်း တစ်ဘက်က ကြိုးစားနေဖို့လိုကြောင်း၊ အေအိုင်ကို ထိန်းချုပ်ဖို့ ဆိုတာက နိုင်ငံတကာ အင်စတီကျူးရှင်းတွေကို ကွန်ယက်သဖွယ် ဖွဲ့စည်းဖို့လိုကြောင်း အဆိုပြုပြောကြားသွားပါတယ်။
“AI ရဲ့ ခေါင်ကိုင်ဖခင်ကြီး” လို့ မကြာခဏအခေါ်ခံရတဲ့ ဟင်တန် က AI ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာက “ကျားပေါက်ကလေးကို မွေးမြူထာတာနဲ့ တူတယ်”လို့ဆိုပြီး နှိုင်းယှဉ်ပြောပါတယ်။ အဲ့ဒိကျားလေးက အချိန်တန်လို့ကြီးလာရင် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
"ခင်ဗျားတို့မှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ကျားပေါက်တစ်ကောင်ရှိတယ်ဆိုရင် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ အဲ့ဒိကျားပေါက်ကို သတ်ပစ်မှာလား၊ ဒါမှမဟုတ် ထိန်းချုပ်လို့ရအောင် လေ့ကျင့်ပေးမလား။ အဲ့ဒါကို ခင်ဗျားတို့ ကောင်းကောင်းတွေးဖို့ လိုပါတယ်” လို့ပြောပါတယ်။
AI က ပိုမိုထက်မြက်လာပြီး လူသားမျိုးနွယ်ထက်ကျော်လွန်သွားတဲ့အချိန်မှာ သူ့ကိုပေးထားတဲ့ တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရုံတင်မကဘဲ လူသားတွေထိန်းချုပ်ထားတဲ့ စနစ်ကို ဖောက်ထွက်ပြီး ထိန်းချုပ်မှု ကို ဖျက်ဆီးသွားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒိအချိန်ရောက်ရင်တော့ ပိတ်ချလိုက်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလို့ ၎င်းက ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment