လယ်ဝေးမြို့နယ်အနောက်ခြမ်းတွင် လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့များကို တိုင်းဒေသကြီး (၃) ခု တပြိုင်နက် စစ်ကြောင်းထိုး ရှင်းလင်းမှ အောင်မြင်လိမ့်မည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးမြို့နယ်အနောက်ခြမ်းတွင် လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့များကို တိုင်းဒေသကြီး (၃) ခု တပြိုင်နက် စစ်ကြောင်းထိုး ရှင်းလင်းမှ အောင်မြင်လိမ့်မည်ဟုဆို


နေပြည်တော်၊ ဇူလိုင် ၂၈

လယ်ဝေးမြို့နယ်၊ ကိုးပင် - သာဂရ ရိုးမဖြတ်လမ်းပေါ်တွင် လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့များကို နေပြည်တော် - မကွေး - ပဲခူး တိုင်းဒေသကြီး (၃)ခု တပြိုင်နက် စစ်ကြောင်းထိုး ရှင်းလင်းမှသာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်သတင်းပေးပို့ထားသည်။

ယခုရက်ပိုင်းအတွင်း လယ်ဝေးမြို့အနောက်ခြမ်းတွင် လှုပ်ရှားနေသော PDF အကြမ်းဖက်အဖွဲ့များကို စစ်ကြောင်းထိုး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှုမရှိသော်လည်း ၎င်းတို့၏ စခန်းနေရာများကို လုံခြုံရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဒေသခံတစ်ဦးက ဆက်သွယ်ပြောကြားရာတွင် "အကြမ်းဖက်သမားတွေက သစ်မှောင်ခိုထုတ်လုပ်မှုနဲ့ ဆက်စပ်နေတယ်။ အဓိကအားဖြင့် သစ်ခိုးထုတ်တယ်။ သစ်ခိုးထုတ်တဲ့သူတွေဆီက ဆက်ကြေးကောက်တယ်။ ဆက်ကြေးတောင်းလို့ မရရင် သစ်ပွဲစားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်။ ဒီရက်ပိုင်းအတွင်း ဒီလယ်ဝေးဘက်ကတော့ စစ်ကြောင်းထိုးပြီး ရှင်းတယ်။ မကွေးတိုင်းဘက်ကို ပြေးတဲ့ အဖွဲ့ရှိတယ်။ ပဲခူးတိုင်းဘက်ကို ပြေးတဲ့အဖွဲ့လည်း ရှိတယ်။ စစ်ကြောင်း ပြန်ဆုတ်လာရင် ဒီကောင်တွေက ပြန်ဝင်လာမှာပဲ။ ဒီနေရာက ၃ ဘက် တပြိုင်နက် ဆုံပြီး ရှင်းမှ အကြမ်းဖက်လှုပ်ရှားမှု အမြစ်ပြတ်မယ်။ နေပြည်တော် ဘက်က စစ်ကြောင်းထိုး ရှင်းလင်းတာလည်း လွယ်လင့်တကူတော့ မဟုတ်ပါဘူး။ မိုင်းဆွဲတာတွေ ရှိတယ်။ ဒါတွေကို သတိထားပြီး ရှင်းလင်းရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက သူတို့ စခန်းအနီးဝန်းကျင် မိုင်းကွင်းလို လုပ်ထားတယ်လို့ သိရတယ်။ အဓိက ပြောချင်တာကတော့ ဒီဘက်က ရှင်းလိုက်ရင် ဟိုဘက်ကို ပြေးတယ်။ အခွင့်သာရင် ပြန်ဝင်လာမယ်။ တပြိုင်နက်တည်း မကွေးနဲ့ ပဲခူးဘက်ကလည်း စစ်ကြောင်းထိုးပြီး ရှင်းပေးမှ ဒီဆုံချက်နေရာမှာ အကြမ်းဖက်လှုပ်ရှားမှုက ပြီးပြတ်လိမ့်မယ်" ဟု သုံးသပ် ပြောဆိုသည်။

နေပြည်တော်အတွင်း အကြမ်းဖက်လှုပ်ရှားမှုမှာ လယ်ဝေးအနောက်ခြမ်းတွင် အဓိက အခြေပြုလှုပ်ရှားပြီး တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာကွယ် နှိမ်နင်းနေရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)