လိပ်သိုဒေသ၌ သံပုရာပင်များအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုဒေသ၌ သံပုရာပင်များအောင်မြင်ဖြစ်ထွန်း




လိပ်သို  ၊ ဇူလိုင် ၂၈


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပတ်ဝန်းကျင်ရှိ ဒေသနေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက် ကုန် အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကျေးရွာများတွင် ရာသီဥတုနှင့်သဘာဝရေမြေ   အနေအထားအရ စိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သံပုရာပင်စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာကောင်းမွန်သည့် မြေဖြစ်သင့်ပြီး နေရောင်ခြည်ကောင်းမွန်သည့် နေရာတွင်စိုက်ပျိုးလျှင် ပန်းများများ ပွင့်၍ အသီးများစွာ သီးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိုးရာသီနှင့် နွေဦးပိုင်းတွင် အသီးများများသီးကြောင်း၊ သံပုရာပင်စိုက်ပျိုးချိန်တွင် ရေများကိုလည်း လုံလုံလောက်လောက် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သံပုရာပင် စိုက်ပျိုးထားသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ယခုမိုးရာသီကာလတွင် သံပုရာသီး အရွယ်အစားပေါ်မူတည်၍  တစ်လုံးလျှင် (၂၀ဝိ/-) ကျပ်မှ (၂၅ဝိ/-)ကျပ် ဈေးရရှိနေပြီး သံပုရာပင်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် အပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)