ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ၂၃-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ ဆည်ရိုး မြေအောက်တမံနှင့် စလေချောင်း မြေအောက်တမံတည်ဆောက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြေအောက်ရေမြင့်တက် လာမှုအခြေအနေကို စောင့်ကြည့်တိုင်းတာပြီး မှတ်တမ်းထားရှိရန်၊ သောက်သုံးရေအတွက်သာမက စိုက်ပျိုးရေအတွက်ပါ အထောက်အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ရေတွင်းများ တူးဖော်နိုင်ရေးကို တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နမူနာပြ တူးဖော်ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးသည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေး စသည့် လယ်ယာကဏ္ဍဆိုင်ရာများ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ယင်းနောက် စိုက်ပျိုးမြေဧက ၂၀၀ ကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများ၏ ရေလိုအပ် ချက်နှင့်အညီ ပြည့်ဝစွာရေပေးဝေ၍ တစ်နှစ်လျှင် သုံးသီးရေတင် စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့သော မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲကျေးရွာအုပ်စု ဆိပ်သာကျေးရွာအနီးရှိ ဆိပ်သာဆိုလာစနစ် မြစ်ရေတင်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ဆိပ်သာ ဆိုလာရေတင်စီမံကိန်းသည် အလျင်အမြန် အကျိုးရလဒ် (Quick Win) ရရှိနိုင်မည့် ဆိုလာစနစ်ရေတင်စီမံကိန်း လေးခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး စီမံကိန်း၏တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၁ ရက် အထိအချိန်ကာလ ငါးလခန့်သာ ကြာမြင့်ခဲ့ကာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်တိုအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်၍ မိုးသီးနှံ စပါး၊ ဝါ၊ နှမ်း ဧက ၂၀၀ ကို စိုက်ပျိုးရေပေးဝေနေသော ဆိုလာရေတင် စီမံကိန်းတစ်ခုဖြစ်သည်။

အဆိုပါ ဆိပ်သာဆိုလာ ရေတင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် မူလမိုးရေကိုသာ အားထား စိုက်ပျိုးရသည့်အခြေအနေ၊ မူလနှစ်သီးသာရှိနေသည့် အခြေအနေမှ ရာသီမရွေး စိုက်ပျိုးရေရရှိပြီး တစ်နှစ်လျှင် သုံးသီးအထိ စိုက်ပျိုးနိုင်သည့်အပြင်ဒေသအတွက် သောက်သုံးရေ ဖူလုံစွာရရှိစေနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)