ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ရှိပြီး အောင်ချက် ၆၅.၄၅ ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ရှိပြီး အောင်ချက် ၆၅.၄၅ ရာခိုင်နှုန်းရှိ





ကြံခင်း၊ ဇူလိုင်  ၂၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား မြန်မာ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကြံခင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးနှင့် ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၅.၄၅ ရာခိုင်နှုန်းအထိရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ကြံခင်းမြို့နယ်ရှိ စာစစ်ဌာန ၅ ခုတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၉၅ ဦးရှိကာ အောင်မြင်သူ ၃၂၄  ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၅.၄၅ ရာခိုင်နှုန်းဖြင့်အောင်ခဲ့ကြရာတွင် ဘာသာစုံဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၄ ဦးရှိကာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိပြီး ကြံခင်းမြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက အောင်စာရင်းလာရောက်ကြည့်ရှုသူများစိတ်အေးချမ်းသာစွာဖြင့် ကြည့်ရှုနိုင်စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)