ဇူလိုင် - ၂၆ ( စနေနေ့ )
အိန္ဒိယနိုင်ငံ နာဗီမွန်ဘိုင်းက အမျိုးသမီးတစ်ယောက်က ဂူဂဲလ်မြေပုံကိုသုံးပြီး ကားမောင်နေရာက မြေပုံပါလမ်းအတိုင်း မောင်းလိုက်လို့ တံတားပေါ်မရောက်ဘဲ ချောင်းထဲကို ထိုးကျသွားပါတယ်။ အနီးအနားက လူတွေက အချိန်မီဝိုင်းဆယ်လိုက်လို့ အသက်ချမ်းသာရာရသွားပါတယ်။
သူမက ဘီလာပူရကနေ အူလာဝီဆီကို မနက် ၁ နာရီထိုးကြီး သွားနေတာပါ။ ခရီးကမသွားဖူးတာရယ်၊ ညဖက် ဖြစ်နေတာရယ်ကြောင့် ဂူဂဲလ်မြေပုံကို အားကိုပြီး မြေပုံပါ လမ်းအတိုင်းသွားနေခဲ့တာပါ။ ဒါရူဘတ်တာရာ ဆိပ်နားအရောက်မှာ မြေပုံက လမ်းခွဲတစ်ခုကို ပြနေပါတယ်။ သူမသွားမယ့် ခရီးကို အဲ့ဒိလမ်းအတိုင်း မောင်းလို့ ရမယ်ထင်ပြီး အန္တရာယ်ကို သတိမထားပဲ မောင်းဝင်သွားရာ ချောင်းထဲကို ထိုးကျသွားတာပဲ ဖြစ်ပါတယ်။
ကံကောင်းချင်တော့ ဆိပ်ကမ်းမှာရှိတဲ့ လုံခြုံရေးတွေက သူမကား ချောင်းထဲပြုတ်ကျသွားတာကို မြင်လိုက်တာရယ်၊ ကားက ချက်ခြင်း ရေထဲကို မမြုပ်သွားဘဲ ပေါလောပေါ်နေတာတွေရယ်ကြောင့် ကယ်ဆယ်ခွင့် ရသွားတာပါ။ ထိခိုက်ဒဏ်ရာမရဘဲ အိမ်ကိုဘေးကင်စွာပြန်ပို့ခံလိုက်ရသလို သူမရဲ့ကားကိုလည်း ကရိန်းနဲ့ နဲ့ ဆွဲတင်ပြီး ဆယ်ယူနိုင်ခဲ့ပါတယ်။ အဲ့ဒိဖြစ်ရပ်က အိန္ဒိယနိုင်ငံမှာ ပထမဆုံးဖြစ်ရပ် ဖြစ်တယ်ဆိုပြီး ကယ်ဆယ်ရေးအဖွဲ့က ပြောသွားပါတယ်။
REF: News 18
https://t.me/MyanmarNationalPost

No comments:
Post a Comment