အေအိုင်သုံးစွဲမှု မြှင့်လာလေလေ စွမ်းအင် သုံးစွဲမှုက မြှင့်လာလေလေပဲလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အေအိုင်သုံးစွဲမှု မြှင့်လာလေလေ စွမ်းအင် သုံးစွဲမှုက မြှင့်လာလေလေပဲလို့ ဆို


ဇူလိုင် - ၂၆ ( စနေနေ့ ) 

ဉာဏ်ရည်တု (AI) ကို တောင်းဆိုမှုတွေ မြှင့်တက်လာတဲ့အတွက်ကြောင့် အမေရိကန်တွင် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်တွေ မြှင့်တက်လာနေပါတယ် လို့ အမေရိကန်ရဲ့ အကြီးဆုံး လျှပ်စစ်ပေးရေးကုမ္ပဏီ ဂရစ်အော်ပရေတာ (PJM) ရဲ့ စာရွက်စတမ်းတွေကို ကိုးကားပြီး ဖနန်ရှယ်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဲ့ဒိအခြေအနေက အမေရိကန်အိမ်ထောင်စုများအတွက် ပိုမိုတတ်နိုင်သောစွမ်းအင်များ ပေးဆောင်မယ်ဆိုပြီး ကတိကဝတ်ပြုထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သဘောနဲ့ ဆန့်ကျင်ဖက်ဖြစ်လာပါတယ်။ 

အထူးသဖြင့် ဗာဂျီးနီးယားပြည်နယ်လို အေအိုင်ကို အသုံးပြုမှုများတဲ့ နေရာတွေမှာ လျှပ်စစ်စွမ်းအင်သုံးစွဲမှုက လိုအပ်ချက်ကြီးလာပါတယ်။ ChatGPT ကအိမ်မှာ မရှိမဖြစ်သုံးတဲ့ အေအိုင်ဖြစ်လာတဲ့အတွက်ကြောင့် ကွန်ပြူတာတွေ ဖုန်းတွေကို ၂၄ နာရီ လုံးလုံး ဖွင့်ထားရတဲ့ အခြေအနေမျိုး သက်ရောက်လာပါတယ်။ မိသားစုတစ်ခုချင်းစီမှာကိုပဲ လျှပ်စစ်စွမ်းအင် သုံးစွဲမှုက မြှင့်တက်လာနေတာပါ။ ဓာတ်အားပေးစက်ရုံသစ်များ တည်ဆောက်မှု နှောင့်နှေးမှု၊ ဓာတ်အားပေးစက်ရုံဟောင်းများ ပိတ်သိမ်းခြင်းတွေကြောင့်လည်း လျှပ်စစ်စွမ်းအင် လိုအပ်ချက်က ကြီးသထက်ကြီးလာနေပါတယ်။ 

အမေရိကန် ပြည်နယ် ၁၃ ခုနှင့် ဝါရှင်တန်ဒီစီမှ လူ ၆၅ သန်းကို ဝန်ဆောင်မှုပေးနေတဲ့ PJM လိုင်းရဲ့ အဆိုအရ လာမယ့် ၂၀၂၆ မှာ လက်ရှိ သုံးနေတဲ့ စွမ်းအင်ပမာဏရဲ့ ၁၀ % ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ တစ်ဦးချင်း စွမ်းအင် ဝယ်လိုအားက ၅% တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မီတာခတွေ ကျသွားအောင် လုပ်ပေးမယ်လို့ ထပ်ကာထပ်ကာ ကတိပြုနေပါတယ်။ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များအရ လွန်ခဲ့သည့်နှစ်က မီတာခဈေးသည် ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ငွေကြေးဖောင်းပွမှုမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ 

စွမ်းအင်သုံးစွဲမှု မြင့်တက်လာတာက ကုန်ကျစရိတ်မြင့်တက်လာသလို ငွေကြေးဖောင်းပွမှုဖိအားကို တိုးလာစေပါတယ်။ အဲ့ဒိထဲမှာ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုများနဲ့ ထရမ့်ရဲ့ အိပ်မက်ဖြစ်တဲ့ "ကြီးမားပြီး လှပသော" အခြေခံ အဆောက်အအုံဆိုင်ရာ ဥပဒေမူကြမ်း တွေကလည်း အမေရိကန်အိမ်ထောင်စုများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ 

လျှပ်စစ် ဓာတ်အား အကြပ်အတည်း ပြင်းထန်လာမယ်လို့ လေ့လာသူများက သတိပေးထားပါတယ်။  အမေဇုန်လို နည်းပညာကုမ္ပဏီကြီးများသည် အပိုသုံးစွမ်းရည်အတွက် ဈေးကွက် ရှာဖွေနေပြီး အဲ့ဒါက ဈေးနှုန်းများ ပိုမိုမြင့်မားလာစေမှာ ဖြစ်ပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)