ဒေါ်စုပုံကို မဖွယ်မရာ ပုံဖော်၍ သံမဏိနှင်းဆီ ဟု ခေါင်းစဉ်တပ်ကာ ဝရမ်းပြေး မင်းမော်ကွန်း က လေလံတင်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်စုပုံကို မဖွယ်မရာ ပုံဖော်၍ သံမဏိနှင်းဆီ ဟု ခေါင်းစဉ်တပ်ကာ ဝရမ်းပြေး မင်းမော်ကွန်း က လေလံတင်ရောင်းချ




အကြမ်းဖက်လှုံ့ဆော်မှုများကြောင့် တရားစွဲဆိုခံရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် မင်းမော်ကွန်း (ခ) ကျော်ကျော်ဌေးလွင် ဆိုသူသည် ဒေါ်စုပုံကို မဖွယ်မရာ ပုံဖော်၍ KNDF အကြမ်းဖက်အဖွဲ့ကို ကူညီပံ့ပိုးရန် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်တွင် ရုပ်သံဖြင့် ကြော်ငြာ၍ ရောင်းချနေသည်။

၂၂-၇-၂၀၂၅ ရက်နေ့မှ ၂၂-၈-၂၀၂၅ ရက်နေ့ထိ လေလံကြမ်းခင်းဈေးသတ်မှတ်ထားခြင်း မရှိဘဲ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ KNDF အကြမ်းဖက်အဖွဲ့ကို ကူညီပံ့ပိုးရန် ဖြစ်ကြောင်း ဝရမ်းပြေး ကျော်ကျော်ဌေးလွင် က ပြောသည်။

ဒေါ်စုပုံမပေါ်သော သံမဏိနှင်းဆီ အမည်ရှိ ပန်းချီကား မှာ ၁၈လက်မ× ၂၄လက်မ အရွယ်အစားရှိကြောင်း ၎င်းက ပြောသည်။

ပန်းချီဆရာတစ်ဦးက ဒီလိုပါပဲ ပန်းချီဆရာတွေ မှာ ကြံရာမရ၊ ကိုယ့်ပန်းချီကားတွေ ရောင်းမထွက်တော့ဘူးဆိုရင် လက်ကမျဉ်းပြီး ဒေါ်စုပုံလေးစွဲလိုက်၊ သံမဏိနှင်းဆီလို့ ခေါင်းစဉ်တပ်လိုက်ရင် ရောင်းထွက်သွားတာပဲ ဟု သုံးသပ်ပြောဆိုသည်။

ဝရမ်းပြေး ကျော်ကျော်ဌေးလွင် လေလံတင်ထားသည့် ပန်းချီကားမှာ ဒေါ်စုပုံမပေါ်လွင်ပဲ အမာရွတ်ထနေသည့် ဒေါ်စုပုံဖြစ်နေကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)