လက်နက်အဆင့်မြှင့်တင်ဖို့ အိန္ဒိယစစ်တပ်ကို ကန်ဒေါ်လာ ၁၂ ဘီလီယံထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်အဆင့်မြှင့်တင်ဖို့ အိန္ဒိယစစ်တပ်ကို ကန်ဒေါ်လာ ၁၂ ဘီလီယံထုတ်ပေး


ဇူလိုင် - ၇ ( တနင်္လာနေ့ ) 

နယူးဒေလီအစိုးရက ပြည်တွင်းစက်မှုလုပ်ငန်းမှ အရင်းအမြစ်များကို အဓိကထားပြီး  ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုး ရှိ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ဝယ်ယူမှုများသည် ပိုမိုကောင်းမွန်သော ရွေ့လျားသွားလာမှု၊ ထိရောက်သော လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှု တိုးမြှင့်ခြင်းနှင့် အလုံးစုံ စစ်ဆင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် အိန္ဒိယစစ်တပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အိန္ဒိယကာကွယ်ရေး လိုအပ်ချက် ကောင်စီ (DAC) ရဲ့ ခွင့်ပြုချက်နဲ့ သံချပ်ကာ ပြန်လည် တပ်ဆင်ရေးယာဉ်များ၊ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်၊ ပေါင်းစပ် ဘုံစာရင်းစီမံခန့်ခွဲမှုစနစ်နှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဝယ်ယူခြင်းများ အကျုံးဝင် မှာပဲ ဖြစ်ပါတယ် ။ 

အိန္ဒိယရေတပ်အတွက်လည်း ရေမြုပ်မိုင်းများ၊ မိုင်းတန်ပြန်စစ်ရေယာဉ်များ၊ စူပါအမြန်တိုက်ခိုက်ရေး ယာဉ်များ နဲ့ ရေတပ်ပိုင် ရေငုပ်သင်္ဘောများ ဝယ်ယူရေးအတွက်လည်း အိန္ဒိယရေတပ်အား မီးစိမ်းပြခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ "ဝယ်ယူမှုများသည် ရေတပ်နှင့် ကုန်သည်ရေယာဉ်များအတွက် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို လျော့ပါးသက်သာစေမှာပါ " လို့ ဆိုပါတယ်။  အဆိုပါအတည်ပြုချက်များ သည် ပြည်တွင်းလက်နက်ထုတ်လုပ်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် နယူးဒေလီရဲ့တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း ကာကွယ်ရေးပစ္စည်း တင်သွင်းတဲ့ နိုင်တွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယက စက်ပစ္စည်းများနှင့် နည်းပညာများကို ရုရှားကနေတစ်ဆင့် ရထားပါတယ်။ ရုရှားနှင့် အိန္ဒိယတို့က လက်နက်များ ပူးတွဲထုတ်လုပ်ရေးကို ဇောင်းပေးလုပ်ကိုင်နေပါတယ် ။ 

အိန္ဒိယနဲ့ ရုရှားတို့က ဘရာမိုးစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို ၂၀၀၅ ခုနှစ်ကတည်းက စတင် တည်ထောင်ပြီး အိန္ဒိယက ၅၀.၅ % နဲ့ ရုရှား၄၉.၅% ပိုင်ဆိုင်ထားပါတယ်။  ဘရာမိုးစ် အသံထက်မြန်သော ခရုဇ်ဒုံးကျည်များကို အိန္ဒိယက မေလတွင် ပါကစ္စတန်နှင့် လေးရက်ကြာ စစ်ရေးအရ ထိပ်တိုက်တွေ့မှုအတွင်း ထိရောက်စွာ အသုံးပြုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)