ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေအတွင်း မြစ်၊ ချောင်း၊ ဆည်တမံများ၌ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကို ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်၌ ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးသားပေါက်များကို မင်္ဂလာကန်အတွင်း စတင်စိုက်ထည့်ပေးပြီး တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသည့် ငါးမြစ်ချင်းနှင့် ငါးခုံးမငါးသားပေါက်များအား ကန်အတွင်း စိုက်ထည့်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဇွန် ၂၃ ရက်က နေပြည်တော်တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ သတ်မှတ်ကန်အတွင်း ငါးမြစ်ချင်း ကောင်ရေ ၂၅၀၀ နှင့် ထိုင်းငါးခုံးမကောင်ရေ ၂၅၀၀ စုစုပေါင်းကောင်ရေ ၅၀၀၀ စိုက်ထည့်ပေးခဲ့ပြီး ယနေ့အခမ်းအနားတွင် ငါးမြစ်ချင်းနှင့် ငါးခုံးမငါးသားပေါက်ကောင်ရေ ၂၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)