ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး

 








ကြံခင်း၊ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက  ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏ ဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက  ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောသာထူးက သွားကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုက်နယ် ဆရာဝန် ဒေါက်တာမျိုးအိအိထွန်းက ရာသီတုပ်ကွေးများအကြောင်းအားလည်းကောင်း၊ ကျန်းမာရေး မှူးများနှင့် ကျေးလက်ကျန်းမာရေးသူနာပြုဆရာမတို့က ဝမ်းပျက်ဝမ်းလျော ရောဂါအကြောင်း၊ ခြေသည်း၊ လက်သည်း၊ သန့်လေးသန့်အကြောင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်နေထိုင်စားသောက်ရမည့် အကြောင်းအရာများကို ဟောပြောကြသည်။ ဆက်လက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစောသာထူးက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းထံသို့ သွားတိုက်ဆေးဘူးနှင့် သွားတိုက်တံများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့သည်။

ထို့နောက် ဒေါက်တာစောသာထူးက ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်း ကျန်းမာရေးစစ်ဆေးပေးကာ ကလေး ၃၁ ဦးအား သွားနုတ်ပေးခဲ့ပြီး ဒေါက်တာမျိုးအိအိထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ တီဘီရော ဖြစ်ပွားခြင်း ရှိ/မရှိ စမ်းသပ်ရှာဖွေခြင်းများအား ပြုလုပ်ပေးခဲ့ပြီးနောက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)