အကြမ်းဖက်လှုံ့ဆော်မှုတွင် ပါဝင်ပြီး ပြည်ပကို ထွက်ပြေးရောက်ရှိနေသည့် အဆိုတော် ဖြူဖြူကျော်သိန်း က "ဝရမ်းပြေး အနုပညာရှင်တွေနဲ့ ပြည်သူတွေကြား စိတ်ဝမ်းကွဲအောင်၊ ယုံမှားသံသယဖြစ်အောင် သတင်းမှားတွေနဲ့ ကိုယ်ကျိုးရှာ သွေးထိုးနေသူတွေကို ပြည်သူ သိအောင် တင်ပြသွားမှာပါ" ဟု ပြောဆိုလိုက်သည်။
ဝရမ်းပြေးတစ်ဦးဖြစ်သည့် ဖြူဖြူကျော်သိန်း က "ဖြူဖြူ့ရဲ့ fundraising concert လေးတွေ ရပ်နားလိုက်ပါပြီလို့ ပရိသတ်ကို လေးစားစွာ အသိပေးပါရစေရှင့်။ အရှည်ကြီး ရှင်းပြဖို့ မလိုအပ်တော့ဘူးထင်လို့၊ နားလည်ပေးနိုင်မယ် ထင်ပါတယ်နော်။ ကိုယ့်လူချင်း public မှာ မတရားစွပ်စွဲတိုက်ခိုက်တဲ့ ဒဏ်က ခံနိုင်ရည်ရဲ့ အဆုံးကို ရောက်သွားလို့ပါ။ ရံပုံငွေ ရှာဖွေမှုနဲ့ မပတ်သက်တဲ့၊ ငွေကြေးနဲ့ မပတ်သက်တဲ့ တလရ နဲ့ဆိုင်တဲ့၊ အမိမြေနဲ့ ဆိုင်တဲ့ project လေးတွေဆိုရင် အချိန်မရွေး ရှေ့တန်းကရှိနေပါမယ်နော်။ ဖြူဖြူဟာ ဒီပွဲတွေကို professional ကြေးတပြားတချပ်မှ မယူပဲ ဆိုပေးခဲ့တာပါ။ ခု စွပ်စွဲနေတဲ့ ၂၅% သည်လည်း ဖြူဖြူ personal သုံးဖို့ ပေးတာမဟုတ်၊ အကြမ်းဖက်လှုပ်ရှားမှု အတွက် art project လုပ်ဖို့ စီးဆင်းစေတယ်ဆိုတာကို ဖြူဖြူ့ရဲ့ ကော်မတီ၊ ပွဲကျင်းပတဲ့ကော်မတီတွေက ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။ ဒါကိုမှ ဆက်ပြီး ပုံဖျက်တိုက်ခိုက်နေတဲ့လူတွေ၊ အဖွဲ့အစည်းတွေကိုလည်း အများသိအောင် ဆက်လက်ဖော်ထုတ်တင်ပြသွားမှာပါ။ တလရ အသိုင်းအဝိုင်းထဲကပါပဲ။ ခုလို ဝရမ်းပြေး အနုပညာရှင်တွေနဲ့ ပြည်သူတွေကြား စိတ်ဝမ်းကွဲအောင်၊ ယုံမှားသံသယဖြစ်အောင် သတင်းမှားတွေနဲ့ ကိုယ်ကျိုးရှာ သွေးထိုးနေသူတွေကို ပြည်သူ သိအောင် တင်ပြသွားမှာပါ။ အကြမ်းဖက်လှုပ်ရှားမှု အတွက် ဆင့်ပွား Fundraising art project တွေလုပ်ဖို့ ယုံကြည်စွာ ထောက်ပို့ ပေးအပ်လာတဲ့ Phyu Phyu in Australia နဲ့ Phyu Phyu in Korea နှစ်ဖွဲ့ရဲ့ funding အားလုံးကိုလည်း ကျေးဇူးတင် အားနာစွာနဲ့ပဲ ငြင်းပါရစေရှင့်။ တခြား ဘယ်အဖွဲ့ဆီကမှလည်း လက်ခံမထားပါဘူး။ တခြား လိုအပ်တဲ့နေရာတွေကို အစားထိုး ထောက်ပို့ပေးပါနော်။ ပုံဖျက်တိုက်ခိုက်တာတွေ မခံနိုင်တော့လို့ပါ။ ဖြူ့တကိုယ်ရည်စာအနေနဲ့ဆိုရင် Soft power play အတွက် Art project အသစ်တွေ မလုပ်လည်း ဘာမှမဖြစ်ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှု အတွက် လိုအပ်မယ်ထင်လို့ရယ်၊ ကိုယ်အကောင်းဆုံး လုပ်တတ်တဲ့ အလုပ်ဖြစ်လို့ရယ် လုပ်ပေးချင်တာပါ။ တဖက်အုပ်စုက soft power အတွက် ၁၉၈၈ တည်းကနေ ခုထိ ငွေးကြေး အမြောက်အမြား သုံးထားတာပါ။ ခုလို အကုန် လျောက်ပြောပြပေးနေရတာနဲ့တင် ကိုယ်တွေဘက်က တပန်းရှုံးနေပါပြီ။" ဟု ပြောဆိုထားသည်။
ဝရမ်းပြေး ဖြူဖြူကျော်သိန်း က "အရမ်းပင်ပန်းနေပြီ မို့လို့ပါနော်။ အားလုံးသိကြတဲ့အတိုင်း ဟိုရက်က စွပ်စွဲစော်ကားမှုတွေကြောင့် ငွေကြေးနဲ့ပတ်သက်လို့ တသက်တာ အစွန်းအထင်းမရှိတဲ့ ဖြူဖြူ့ရဲ့ဂုဏ်သိက္ခာ ထိပါးခဲ့ရပါတယ်။ အဘတို့ဖက်က ဝါဒဖြန့်တာတွေကို မမှုပေမယ့်၊ ကိုယ့်လူချင်းက စမွှေးတဲ့မီးကြောင့် ကိုယ့်ဖက်သားချင်းတွေကပါ လိုက်စော်ကားတာကို ခံရတာဟာ သိပ်နာကျင်စိတ်ပျက်ရပါတယ်။ ဒီ ၂၅% ဆိုတာဟာ ၂၀၂၁ မတိုင်ခင် ဖြူဖြူ အနုပညာအသက်မွေးဝမ်းကျောင်း အလုပ်ကနေ ရိုးရိုးသားသား ရှာဖွေစုဆောင်းပိုင်ဆိုင်ထားခဲ့သမျှနဲ့ယှဉ်ရင် ဘာဆိုဘာမှမဟုတ်ပါဘူး။ အဲ့ထက် အဆပေါင်းများစွာ မကတာတွေကို ထားခဲ့ပြီး၊ တရားမျှတမှုတစ်ခုအတွက် ကိုယ့်ပရိသတ်ပြည်သူနဲ့အတူ ရပ်တည်ခဲ့တာပါ။ ဖြူ့မှာ ဘာမှ မကျန်တော့ပါဘူး။ ခုဆို နိုင်ငံသားပါ ပယ်ဖျက်ခံခဲ့ရပြီးပါပြီ။ " ဟု ဆိုသည်။
ပြည်ပြေး ဝရမ်းပြေး အနုပညာရှင်များသည် ဂျပန်၊ ကိုရီးယား၊ သြစတေးလျနိုင်ငံများတွင် ဖျော်ဖြေပွဲများ ကျင်းပပြီး ရန်ပုံငွေ ရှာဖွေကာ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးလျက်ရှိပြီး ပွဲစီစဉ်သူများနှင့် ဝရမ်းပြေး အနုပညာရှင်များကြား ငွေကြေးပြဿနာများ ပေါ်ပေါက်လေ့ ရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment