ကော့မှူးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူးတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း ဆွေးနွေး




ကော့မှူး ၊ ဇူလိုင် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က‌ (ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၃၈/၂၀၂၅) ၂၀၂၅ ခုနှစ် မေလ(၁၆)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျေးလက်ဒေသနေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေအကြောင်း ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်သူရ (ကော့မှူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)