ဇူလိုင် - ၅ ( စနေနေ့ )
အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း သောမတ်စ်ပါတေးက ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကျူးလွန် ခဲ့တဲ့ မုဒိမ်းမှုငါးကြိမ်နှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု တစ်ကြိမ် အတွက် တရားရေး ရင်ဆိုင်နေရကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က မနေ့က ကြေညာခဲ့ပါတယ်။
ပါတေး ( ၃၂ နှစ်) က သြဂုတ် ၅ ရက်တွင် ဝက်စ်မင်နင်စတာ တရားရုံးတွင် လာရောက် အမှုရင်ဆိုင်ရမှာဖြစ်ပြီး သူကတော့ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြောင်း ESPN အားကစားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ပါတေး အနေနဲ့ နောက်ဆုံးမှာ သူ့ရဲ့နာမည်ကို ရှင်းလင်းခွင့်ရတာကို ကြိုဆိုပါတယ်" လို့ သူ့ရှေ့နေ က ဗြိတိန် စာနယ်ဇင်းအသင်းကို ပြောသွားပါတယ်။
ပါတေးက ၂၀၂၀ ခုနှစ် တွင် ကန်ဒေါ်လာ ၆၁.၄၂ သန်းဖြင့် စာချုပ်ချုပ်ဆိုရန် သဘောတူပြီးနောက် အာဆင်နယ်သို့ ရောက်ရှိလာသော်လည်း သူ့ရဲ့ တရားဝင်ပြဿနာများကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က စာချုပ်သက်တမ်းကို ကုန်ဆုံးစေခဲ့ပါတယ်။ ကလပ်အသင်းတာဝန်ရှိသူများက အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ကလပ်အသင်းတွင် သူမရှိတော့ကြောင်း အတည်ပြုခဲ့ပါတယ်။
ပါတေးက အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ပြီး အခြားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံထားကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အစိုးရရှေ့နေများက ၎င်းကို အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ၂ မှု နဲ့ ဒုတိယအမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ၃ မှုတို့ ကျူးလွန်ခဲ့တယ်လို့ တရားစွဲဆိုခဲ့ပါတယ်။ နောက်မှ သူ့ကို တတိယမြောက် အမျိုးသမီးနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု တစ်ကြိမ်နဲ့ထပ်ပြီး စွဲချက်တင်လိုက်တာပါ။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မုဒိမ်းမှု အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ပါတေး ကို တရားဥပဒေစိုးမိုးရေးမှ စတင် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ပါတေးသည် ဂါနာမှဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၅ ပွဲကစားကာ ၄ ဂိုးသွင်းယူထားပါတယ်။
Ref: upi
https://t.me/MyanmarNationalPost
No comments:
Post a Comment