ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ ရုရှားဘာသာ သင်ကြားပေးတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ ရုရှားဘာသာ သင်ကြားပေးတော့မည်





ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ ရုရှားဘာသာ သင်ကြားပေးတော့မည်ဖြစ်ကြောင်း ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

“မဟာသင်္ဂဟ” ချန်နယ်မှ သတင်းထုတ်ပြန်ထားရာတွင် "ကျွန်တော်တို မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတိုအကြားမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုများပြားလာတာနဲ့အမျှ ရုရှားဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ကြသူတွေအနေနဲ့  အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာကြပြီပဲဖြစ်ပါတယ်။ ထိုhအတူပဲ ရုရှားဘာသာစကားကို ကျွမ်းကျင်တတ်မြောက်သူတွေ ပိုမိုများပြားလာစေဖို ပညာရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ရုရှားဘာသာစကားကို လေ့လာသင်ကြားနေသူတွေအနေနဲ့ Pushkin အမည်ရ ရုရှားဘာသာစကားသင်ကြားရေး အစိုးရတက္ကသိုလ် နဲ့  Lermontov အမည်ရ ရုရှားဘာသာစကားသင်ကြားရေး အစိုးရတက္ကသိုလ် တွေရဲ့ အဆင့်မြင့်သင်ကြားရေးနည်းစနစ်တွေနဲ့ လေ့လာသင်ကြားခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခု ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ ရုရှားဘာသာစကား သင်ကြားရေးစင်တာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါစင်တာဖြစ်မြောက်ရေးအတွက် ရုရှားဖက်ဒရေးရှင်း ပညာရေးဝန်ကြီးဌာန နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းရဲ့ ပံ့ပိုးကူညီမှုနဲ့ Altai ပြည်နယ် အစိုးရသင်ကြားရေးတက္ကသိုလ်က ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။" ဟု ဖော်ပြထားသည်။

Altai ပြည်နယ် အစိုးရသင်ကြားရေးတက္ကသိုလ်က ဆရာမတွေကိုယ်တိုင် ဇူလိုင်လတစ်လလုံး သင်ကြားပိုချပေးသွားမှာဖြစ်ပြီး ပညာရေးပရိုဂရမ်တွေအပြင် ယဉ်ကျေးမှုဖလှယ်ရေး ပရိုဂရမ်တွေကိုလည်း သင်ကြားပိုချပေးသွားမှာ ဖြစ်ကြောင်း၊ ဒါဟာဆိုရင် ရုရှားဘာသာစကားကို လေ့လာသင်ကြားနေတဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ရုရှားပညာသင်ကြားရေးနည်းစနစ်တွေနဲ့ သင်ကြားနိုင်မယ့်အပြင် ရုရှားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုလည်း သိရှိနိုင်မယ့် မဟာအခွင့်အရေးကြီးတစ်ခုပဲ ဖြစ်ကြောင်း၊ ယခု ရန်ကုန်မှာ ဖွင့်လှစ်လိုက်တဲ့စင်တာဟာ Altai ပြည်နယ် အစိုးရသင်ကြားရေးတက္ကသိုလ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် ဖွင့်လှစ်လိုက်တဲ့ သင်ကြားရေးစင်တာဖြစ်ကြောင်း၊ ပထမတစ်ခုကို ၂၀၂၃ ခုနှစ်မှာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၆၀၀ ကျော် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)