ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၇

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee- DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယမန်နေ့က ရုံးအမှတ်- ၃ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၁ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Economy Roadmap 2030) ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများက ပွင့်လင်းစွာဆွေးနွေးအကြံပြုပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို အကျိုးပြုနိုင်ရန်အတွက် ရည်မှန်းထားသည့် ကာလအတွင်း မျှော်မှန်းထားသည့် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ကော်မတီအဖွဲ့ဝင်များအနေနှင့် တက်ကြွသော ဦးဆောင်မှုအခန်းကဏ္ဍမှ သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်က ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးနှင့် အုပ်ချုပ်မှုစသည့် ကဏ္ဍအားလုံးတွင် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးတိုးတက်ရန်အတွက် ဖွဲ့စည်းခဲ့ပါကြောင်း၊ အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် လမ်းပြမြေပုံပါလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စိတ်ပါဝင်စားစွာ ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ပထမအကြိမ် အစည်းအဝေး (၁/၂၀၂၄) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးတင်ပြသည်။

ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင်ပညာရှင်များနှင့် တာဝန်ရှိသူများက ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၁ နှင့် ဥက္ကဋ္ဌ- ၂ တို့က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)