မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရန် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရန် တောင်းဆို


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများ၊ အပြန်အလှန်ဆွေးနွေးမှုနှင့် ပကတိမြေပြင်အခြေအနေမှန်များနှင့် လုံးဝကိုက်ညီ ခြင်းမရှိဘဲ နိုင်ငံရေးအရလိုရာဆွဲပုံဖော်ထားသည့် ဆုံးဖြတ်ချက် အဆိုတို့ကို မြန်မာအစိုးရ၏ ကိုယ်စားလှယ်ပါဝင်ခြင်းမရှိဘဲ တစ်ဖက်သတ် ဆွေးနွေးအတည်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင်လည်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီလုပ်ငန်းစဉ်ဟုဆိုရာတွင် ရွေးကောက်ပွဲသည် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်၍ လွတ်လပ်၍ တရားမျှတပွင့်လင်းမြင်သာ သော ရွေးကောက်ပွဲကို အလေးထားဆောင်ရွက်ရန် ကတိကဝတ်လည်း ထားရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် ၎င်းတို့အား တရားဥပဒေဘောင်အတွင်းသို့ဝင်ရောက်ရန် ကမ်းလှမ်းထားပြီးဖြစ်သည်။                      

ယခုအခါ နိုင်ငံတွင်း၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူများပါဝင်သော စီးပွားရေးဖိုရမ်များ၊ ငြိမ်းချမ်းရေးဖိုရမ်များကျင်းပ၍ အကောင်းဆုံးသောနည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိနေသည်မှာ ပကတိဖြစ်ရပ်များပင်ဖြစ်ပါသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ဖော်ပြပါအပြုသဘောလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအနေဖြင့် တစ်စုံတစ်ရာ အသိအမှတ်ပြုခြင်းမရှိသည်မှာ အထူးစိတ်ပျက် ဖွယ်ရာပင်ဖြစ်သည်။ ဤလုပ်ရပ်များသည် ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို လေးစားမှုနှင့် ပွင့်လင်းမြင်သာမှု စသည့်စံနှုန်းများကို သွေဖည်ဆန့်ကျင်လျက်ရှိသည်။

ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ကပ်ရောဂါဘေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးဖွံ့ဖြိုးတက်ရေး အရေးကြီးကိစ္စရပ်များ ဦးစားပေးဖြေရှင်းရမည့်အစား နိုင်ငံ တစ်နိုင်ငံအပေါ် ပစ်မှတ်ထားဆောင်ရွက်မှုများသည် ကုလသမဂ္ဂအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည်မှုကို လျော့ကျစေမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါအခြေခံမူများကို ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့မှုနှင့် နိုင်ငံ့အရေးကိစ္စတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆောင်ရွက်မှုများအား အသိအမှတ်ပြု၍ ပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)