ဇူလိုင် - ၂၉ ( အင်္ဂါနေ့ )
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီယားနဲ့ ပတ်သက်ပြီး နျူလက်နက်တွေ ဖျက်သိမ်းဖို့ ဖိအားပေးမယ်ဆိုရင် မြောက်ကိုရီးယားက ငြိမ်ခံနေမှာ မဟုတ်ကြောင်းနဲ့ လက်နက်တွေကို ကောင်းကောင်း သုံးနိုင်တဲ့အကြောင်း သတိပေး ပြောကြားလိုက်တယ် ဆိုပြီး နိုင်ငံပိုင်း သတင်းဌာန (KNCA) က ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားသည် ထာဝရအဏုမြူလက်နက်ပိုင်ဆိုင်သည့်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း၊ သူမရဲ့အစ်ကိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကြား ပုဂ္ဂိုလ်ရေးအရ ဆက်ဆံမှုသည် ပြုံယမ်းကို နျူကလီးယားကင်းစင်ရေးအတွက် ဖိအားပေးရန် အသုံးမပြုသင့်ကြောင်း သတိပေးခဲ့ပါတယ်။
နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီဒုတိယညွှန်ကြားရေးမှူး ကင်ယိုဂျုံ က “မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ ဘယ်တော့မှ နောက်ပြန် ဆုတ်မှာ မဟုတ်ပါဘူး။ နျူလက်နက်ဆိုင်ရာ အနာဂတ် ဆွေးနွေးမှုတွေ လုပ်တော့မယ်ဆိုရင် ချန်ထားလို့ မရဘူးဆိုတာကို သိထားပါ” လို့ သတိပေးထားပါတယ်။
သူမက “ကျမတို့ သမ္မတထရမ့်ရဲ့ ပထမသက်တမ်းတုန်းက စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ကျမတို့ဘက်က သဘောထား ပျော့ပြောင်းလာတာနဲ့ ပတ်သက်ပြီး သတိထားဖို့ လိုပါတယ်။ အဲ့ဒါကိုငြင်းဆန်မယ်ဆိုရင်တော့ ကျမတို့ဘက်က ပယ်ချရပါလိမ့်မယ်။ ကျမတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကြိုးစားရင်တော့ ဘယ်နိုင်ငံမှ အကျိုးမရှိဘူးဆိုတာကိုလည်း သိထားပါ။ လက်ရှိအနေအထားအရ အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေ ကြားမှာ သဘောထားကွဲလွဲမှုတွေ များနေပါတယ်။ အဲ့ဒါကို အခြေပြုပြီး ကျမတို့ရဲ့ နျူလက်နက်တွေကို ဖျက်သိမ်းဖို့ ဖိအား လာပေးမယ်ဆိုရင်တော့ ကျမတို့ကို လှောင်ပြောင်သရော်နေတာပဲလို့ မှတ်ယူလိုက်ပါမယ်” ဆိုပြီး ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment