နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်၊ ကျောင်းအပ်လက်ခံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်၊ ကျောင်းအပ်လက်ခံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်






နေပြည်တော်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ယနေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ များအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ် လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံရေးနေ့ကို ဇူလိုင် ၂၂ ရက်မှ စတင်သတ်မှတ်ခဲ့ပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၇၀၅ ဦး လာရောက် အပ်နှံ၍ ပညာသင်ကြားလျက်ရှိသည်။ ကျောင်းအပ်နှံမှု အဆင်ပြေချောမွေ့စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာ ပညာသင်ကြား နိုင်ရေးအတွက် တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများနှင့် ဒေသခံမိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပြီး တပ်မတော် သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် မိုင်းရှင်း လင်းရေး၊ လုံခြုံရေး နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြသည်။

ထို့ပြင် နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချော မွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄၇ ဦးတို့ကို ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)