မိုင်းဆတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ




မိုင်းဆတ်  ၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေလယ်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအား တစ်ဦး၊ တစ်ယောက်ကောင်းဆောင်ရွက်၍မရကြောင်း၊ ပတ်ဝန်းကျင်တွင်ဖြစ်ပွားနေသောညစ်ညမ်းမှုအမျိုးအစားများ၊ လေထုညစ်ညမ်းမှုကိုဖြစ်စေသောအကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသောသက်ရောက်မှုများ၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေသောအကြောင်းရင်းများနှင့် ရေထုညစ်ညမ်းမှုကိုဖြစ်ပေါ်လာသောသက်ရောက်မှုများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မြေထု၊ မြေဆီလွှာကို ညစ်ညမ်းမှုဖြစ်စေသောအကြောင်းအရင်းများ၊ မြေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများအားလည်းကောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များ အားစိတ်ပါဝင်စားစွာဖတ်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)