မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ



မြောက်ဥက္ကလာပ၊ ဇူလိုင်  ၁၁

‌ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ် နေရာများတွင် ရောင်းချ ပေးခဲ့ကြသည်။

ထို့သို့ ရောင်းချ ပေးရာတွင်  ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊မေဓာဝီ လမ်း ၊(ဈ)ရပ်ကွက်၊ဘုမ္မာလမ်း ၊ (ရွှေပေါက်ကံ/၁၄)ရပ်ကွက်၊ရာဇဓိရာဇ်လမ်း၊  ( က)ရပ်ကွက်၊နွယ်သာကီလမ်း ရပ်ကွက်များအလိုက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချ ပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)