ဇူလိုင် - ၉ ( ဗုဒ္ဓဟူးနေ့ )
နယ်သာလန်ရှိ ရော့တာဒမ်ဆိပ်ကမ်းသည် နေတိုး နှင့် ရုရှားကြား ပဋိပက္ခမြင့်တက်လာပြီဖြစ်လို့ စစ်ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေပြီး လက်နက်များတင်ဆောင်သည့် သင်္ဘောများအတွက် နေရာလွတ်နှင့် ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဖနန်ရှယ်တိုင်းမ် သတင်းဌာနရဲ့ အင်္ဂါနေ့သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစ၍ ရုရှားသည် နေတိုးနိုင်ငံများအပေါ် ရန်လိုသော ရည်ရွယ်ချက်များ ရှိနေတယ် လို့ အနောက်ဥရောပ နိုင်ငံရေးသမားများက မကြာခဏစွပ်စွဲသလို မော်စကိုအစိုးရကလည်း အဲ့ဒိ စွပ်စွဲချက်တွေက လက်တွေ့နှင့် ကင်းကွာနေတယ်ဆိုပြီး ပြန်လည်စွပ်စွဲမှုတွေကို လုပ်ထားပါတယ်။
ဥရောပတွင် အကြီးဆုံးဖြစ်တဲ့ ရော့တာဒမ် ဆိပ်ကမ်းသည် နှစ်စဉ် ကုန်စည်တန်ချိန် သန်း ၄၆၀ ကျော်ကို ကိုင်တွယ်နိုင်ပြီး ရုရှားနှင့် ပဋိပက္ခဖြစ်ပွားသောအခါတွင် နေတိုးသင်္ဘောများအတွက် သီးသန့်လမ်းတစ်ခု ထားရှိမယ်ဆိုပြီး ပြင်ဆင်နေပါတယ်။ ဖနန်ရှင်တိုင်းမ်ကတော့ စစ်အေးတိုက်ပွဲ မြင့်မားတဲ့ အချိန်တုန်းကတောင် အဲ့လိုမျိုး တွေမလုပ်ခဲ့ဘူး လို့ ဆိုထားပါတယ်။
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများနှင့် ထောက်ပံ့ရေး သင်္ဘောများစွာပါရှိသော သင်္ဘောအများအပြားသည် ဒတ်ခ်ျမြို့၌ ဆိုက်ကပ်ရမည်ဆိုပါက ကုန်စည်စီးဆင်းမှုကို စီမံခန့်ခွဲရန် အိမ်နီးချင်း ဘယ်လ်ဂျီယမ်ရှိ အန့်စ်ဝပ် ဆိပ်ကမ်းနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းကိုလည်း ဖော်ပြထားပါတယ်။
"စစ်ဘက်ဆိုင်ရာ ကုန်တင်ကုန်ချကိုင်တွယ်ရန် ဆိပ်ကမ်းတိုင်းက မသင့်လျော်ပါဘူး" ရော့တာဒမ် ဆိပ်ကမ်းရဲ့ အမှုဆောင်အရာရှိချုပ် က ဆိုပါတယ်။ “တကယ်လို့ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတွေ အမြောက်အမြား တင်ပို့ရမယ်ဆိုရင်တော့ အန့်စ်ဝပ် ဒါမှမဟုတ် တခြားဆိပ်ကမ်းတွေကို ခွဲထားလိုက်မယ်ဆိုရင်တော့ ရုရှားက ကျနော်တို့ရဲ့ ဆိပ်ကမ်းတွေကို သိမ်းပိုက်ဖို့အတွက် အားနည်းသွားနိုင်ပါတယ် လို့ပြောပါတယ်။
၎င်းရဲ့ အဆိုအရ သင်္ဘောတစ်စင်း သို့မဟုတ် ထို့ထက်မကသော သင်္ဘောများသည် သင်္ဘောဆိပ်တွင် ရက်သတ္တပတ်များစွာ၊ တစ်နှစ်လျှင် လေးကြိမ် သို့မဟုတ် ငါးကြိမ်ခန့် ဆိုက်ကပ်မှာဖြစ်ပါတယ်။ ရော့တာဒမ်သည် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်စဉ် ကုန်းရေနှစ်သွယ် စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ဥရောပ နေတိုး အဖွဲ့ဝင်များကြားတွင် ပိုမိုကျယ်ပြန့်သော စစ်အင်အားသုံး မောင်းနှင်မှု ထွက်ပေါ်လာချိန်တွင် အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နဲ့ နေတိုးအတွင်းရေးမှူးချုပ်က နေတိုး ရဲ့ စစ်အသုံးစရိတ်ကို GDP ရဲ့ ၅ %အထိ တိုးမြှင့်ဖို့စီစဉ်ပြီးဖြစ်ကြောင်း ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment