ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ အဆိုပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ အဆိုပြု


ဇူလိုင် - ၃၁ ( ကြာသပတေးနေ့ ) 

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကြီးထွားလာသော တွန်းအားပေးမှုတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံက ပါဝင်လာခဲ့ပါတယ်။ ၎င်းတို့က ပါလက်စတိုင်းကို အသိအမှတ်ပြုပြီး ဂါဇာစစ်ပွဲကို အဆုံးသတ်ရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုလိုက်ပြီး နှစ်နိုင်ငံဖြေရှင်းချက်အဖြစ် ရှုမြင်လာကြပါတယ်။ 

မနေ့ကညနေမှာ နယူးယောက်မြို့၌ ပြုလုပ်တဲ့ ကုလသမဂ္ဂ ညီလာခံအပြီးတွင် အန်ဒိုရာ၊ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊  အိုင်ယာလန်၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယူးဇီလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ဆန်မာရီနို၊ စလိုဗေးနီးယားနှင့် စပိန်တို့က ပါလက်စတိုင်းအား ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုရေးနဲ့ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ကြပါတယ်။ 

ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာမှုက နှစ်နိုင်ငံဖြေရှင်းချက်အတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် ဆန္ဒရှိကြောင်း သို့မဟုတ် အပြုသဘောဆောင်သော ထည့်သွင်းစဉ်းစားမှုကို ကျနော်တို့ အသိအမှတ်ပြု၊ ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း နဲ့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးဖို့ အဆိုပါ နိုင်ငံများရဲ့ နိုင်ငံခြားရေး ၀န်ကြီးများက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ 

အဲ့ဒိအဆိုဖြစ်ပေါ်လာတဲ့ အကြောင်းက လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြင်သစ်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုရန် ကတိပြုပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ပြင်သစ်သမ္မတ မာခရွန်က ထိုသို့လုပ်ဆောင်ခြင်းသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို တိုးတက်စေမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နှင့် အစ္စရေးတို့က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)