ရွှေတောင်၊ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၇)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ရွှေတောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၃၀)အုပ်စုမှ တောင်သူ(၁၄၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက (၈၁၃၃)ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၂၁၉၉၅၀၀၀၀/-) အား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ရွှေတောင် မြို့နယ်၌ ၂၀၂၅- ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)အုပ်စု၊တောင်သူ (၆၁၃၅)ဦး၊ဧက (၃၃၀၉၄)ဧက လျာထားပြီး ကျေးရွာအုပ်စု(၃၀)အုပ်စုမှ တောင်သူ(၁၄၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက(၈၁၃၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခဲ့ပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း ဖြင့် သက်မှတ်ရက်အလိုက်ကျန်ရှိကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment