ဇူလိုင် - ၃၁ ( ကြာသပတေးနေ့ )
အမေရိကန် သမ္မတကတော် မယ်လာနီ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နှစ်သက်သော်လည်း ယူကရိန်း ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် စိတ်ပျက်မိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ မော်စကိုအစိုးရက စေ့စပ်ညှိနှိုင်းဖို့ကို ဆန္ဒရှိပေမဲ့ ဘယ်ဆွေးနွေးပွဲမဆို ပဋိပက္ခ၏ မူလဇစ်မြစ်ကို ဖြေရှင်းနိုင်မှရမယ်လို့ ပြောထားပါတယ်။
ယခုနှစ် ရာထူးတာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ ထရမ့်က ရုရှားနှင့် ပူတင်တို့ကို လေးစားကြောင်းနဲ့ ပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ အဖြေရှာလိုကြောင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှု မရှိခြင်းအတွက် စိတ်ပျက်ဖွယ်ရာ ထုတ်ဖော်ပြသခဲ့ပြီး မော်စကိုအား ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ရန် ခြိမ်းခြောက်ခဲ့ပါတယ်။
အင်္ဂါနေ့ကထုတ်လွှင့်ခဲ့တဲ့ Pod Force One စီရီးမှာ အမေရိကန်သမ္မတက "ပူတင်ကို ကျနော်တို့ သိပါတယ်။ ပြီးတော့ သူမ ( မယ်လာနီ) က သူ့ကို သဘောကျတယ်ပါတယ်။ သူတို့ ၂ယောက်က အရမ်းလိုက်ဖက်ပါတယ်" လို့ ထရမ့်က ပြောခဲ့ပါတယ်။ (ပေါ့ဒ်ဖို့စ်ဝမ်းဆိုတာက နယူးယောက်တိုင်းမ် သတင်းဌာနက ထုတ်လွှင့်တဲ့ နိုင်ငံရေး ရုပ်သံ အစီအစဉ်တစ်ခုဖြစ်ပါတယ်)
ရုရှားသမ္မတနဲ့ မကြာသေးမီက စကားပြောဆိုမှုမှာ မီလာနီယာက “ကိယက်ဗ်ကို ဗုံးကြဲတာ အရမ်းဆိုးတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မနေ့ကတော့ ထရမ့်က မော်စကိုနဲ့ ကိယက်ဗ် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် သူ့ရဲ့ ရက် ၅၀ နောက်ဆုံးရက်အဖြစ် သက်မှတ်ထားတာကို ၁၀ ရက်လျှော့လိုက်ပါတယ်။ အဲ့ဒိအတောအတွင်း သဘောတူညီချက်မရရှိပါက ရုရှားရဲ့ကုန်သွယ်ဖက်နိုင်ငံများကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုများ လုပ်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတိပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ၏ ရာဇသံကို ရုရှားအရာရှိများက ပယ်ချခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment