ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တရုတ်နိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ထားမှု၊ အကူအညီအထောက်အပံ့များ အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့မှု၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေး စီမံကိန်းများ၊ နှစ်နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CIDCA ၏ ဒေသရေးရာဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကိုယ်စားလှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)