ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး


နေပြည်တော်၊ ဇူလိုင် ၂၅

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဝန်ကြီးဌာနက ယာယီဆောက်လုပ်ထားရှိသည့် Modular House များကို သွားရောက်ကြည့်ရှုပြီး နေထိုင်ကြသည့်ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ လုံခြုံစိတ်ချစွာဖြင့် စည်းကမ်း တကျနေထိုင်နိုင်ရေး၊ သောက်သုံးရေနှင့် မီး၊ မိလ္လာ စနစ်များ ကောင်းမွန်ရေး၊ ကူးစက်ရောဂါများမဖြစ်ပေါ်စေရေး၊ လိုအပ်သည်ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများအတွက် တာဝန်ခံများအဆင့်ဆင့် တာဝန်ပေး ဖွဲ့စည်းထားရှိရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ နေထိုင်စားသောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား စားဖိုဆောင်သီးနှံများနှင့် ကြက်ဥများကို ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)