နေပြည်တော်၊ ဇူလိုင် ၂၅
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ၂၃-၇-၂၀၂၅ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ်(၅၇)၊ အခွန်အယူခံခုံအဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အခွန်အယူခံခုံအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမျိုးလှိုင်တို့က အမှာစကားအသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်အသုံးပြုခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များမေးမြန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment