နိုင်ငံတော်ဘာသာနေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဘာသာနေ့


 

နိုင်ငံတော်ဘာသာနေ့


အနော်ရထာမင်းမြတ် တည်ထောင်အပ်သည့် 

အရိမဒ္ဒနာမည် ပုဂံပြည်၌ 

ဂုဏ်ရည်ပျက်ပြား သေသောက်စားနှင့်

ဖောက်ပြားကာမာ မှောက်မှားကာနှင့်

မိစ္ဆာထိပ်သီး အရည်းကြီးတို့ 

ကြီးစိုးနေပုံ အလုံးစုံကို

ဂုဏ်ရည်ပြည့်မှန် ရှင်အရဟံ၏

သုံးတန်ပိဋက မြတ်ဓမ္မဖြင့်

ချိန်ဆဆုံးဖြတ် ပြစ်ဒဏ်ခတ်သည်

မြင့်မြတ်သူတို့၏ ရာဇဝင်။


မင်းတုန်းမင်းမြတ် တည်ထောင်အပ်သည့်

ထီးမြတ်တည်ရာ မန္တလာ၌ 

သံဃာတော်များ ဆရာထားလျက်

မိန့်ကြားဩဝါ ခံယူကာဖြင့် 

သင်္ဂါယနာ တင်သည့်စာကို

ကျောက်ဖျာကျောက်သား စေတီထား၍ 

ဘုရားမြတ်စွာ သာသနာကို

ကမ္ဘာကုန်မှတ် တည်စေအပ်သည်

မြင့်မြတ်သူတို့၏ ရာဇဝင်။ 


ရန်ကြွေးဟောင်းဆက် ရန်သစ်တက်၍ 

ထီးဖျက်နန်းဖျက် စေတီဖျက်နှင့်

အဖျက်စုံထိပ် အင်္ဂလိပ်တို့ 

ထိပ်ပိတ်အုပ်စိုး ခေတ်တစ်မျိုးတွင် 

ငြှိုးနွမ်းကျေမွ ကျွန်ဘဝဟု 

ဖြစ်ရသောခါ တို့သူငါလည်း 

ကျွန်သာဖြစ်ရ ဗုဒ္ဓဘာသာ

သာသနာလည်း ကျွန်သာဖြစ်ရ 

လုံးဝတွန်းလှန် လက်တုံ့ပြန်ခဲ့ 

ချိန်တန်ခါရောက် ထိပ်တန်းပေါက်၍ 

လွတ်မြောက်ပုံမှတ် ကြော်ငြာအပ်သည်

မြင့်မြတ်သူတို့၏ ရာဇဝင်။ 


လွတ်လပ်ပြီးခါ ပြည်မြန်မာ၌

မြန်မာအစိုးရ သိစိတ်လှဖြင့်

ပြည်ပရန်များ တွန်းလှန်အားတွင်

ဘုရားသားကျော် ရဟန်းတော်တို့

မြော်မြင်ကြီးစွာ ဦးဆောင်ပါ၍

များစွာကျေးဇူး ရှိခဲ့ဖူးသည် -

ထူးခြားအမှန် 

ပုဂံနန်းတည် နိုင်ငံတည်သား

ပြည်သူပြည်သား

နန်းသားနန်းသူ

ညီတူညီမျှ ကိုးကွယ်ကြသည့် 

ဗုဒ္ဓဘာသာ သာသနာဟု 

ငါတို့မွေနှစ် ရှေးဟောင်းဖြစ်သည် -

ဂုဏ်ရည်စုပေါင်း သမိုင်းကြောင်းဖြင့်

ကောင်းဂုဏ်ပြည့်မှန် 

နိုင်ငံတော်ဘာသာ

ကြေညာနိုင်ရေး 

ရှေးရှူတင်ပြ ကြိုးပမ်းကြ၍  

ဗုဒ္ဓဘာသာ သာသနာကို 

ကောဇာတွက်စစ်

တစ်သုံးနှစ်သုံး

မိုးလုံးရေဝ ဝါခေါင်လ၏ 

လပြည့်နေ့ခါ သုတ်မေတ္တာဖြင့်

ကမ္ဘာတစ်ခွင်လုံး မေတ္တာဖုံးရန်

နိုင်ငံတော်ဘာသာ

ကြော်ငြာသိမှတ် ပြဋ္ဌာန်းအပ်သည်

မြင့်မြတ်သူတို့၏ ရာဇဝင်။


နောင်တော်လေး (ဘိုကလေး)

(ဆရာဦးအောင်မြိုင်(မစိုးရိမ်စာသင်သား) ပြင်ဆင်တည်းဖြတ် ပေးသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)