လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်



နေပြည်တော်၊ ဇူလိုင် ၂၆

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် ၆ နာရီတွင် မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်သည်။

အဆိုပါထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဝိုင်းမော်၊ တနိုင်း၊ ရှင်ဖွေယန်၊ ချီဖွေ၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ မိုးကောင်း၊ နမ္မတီး၊ ပင်းဘော၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ဘုရင့်နောင်တပ်၊ လိပ်သို၊ ကမမောင်း၊ အထက (၂) ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် မြဝတီစာစစ်ဌာန၊ ချင်းပြည်နယ်မှ ဟားခါးနှင့် တီးတိန်စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ သက္ကေပြင်ကုန်း၊ အထက(၁)ကျောက်ဖြူ၊ အထက(၂)ကျောက်ဖြူ၊ အထက(မာန်အောင်)နှင့် အထက(ခွဲ)ဈေးတန်းစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဟိုပုံး၊ ဆီဆိုင်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ အထက(၁)ပင်လောင်း၊ အထက(၂) ပင်လောင်း၊ နောင်တရား၊ တီဂျစ်၊ ပင်ခွန်၊ တင်းတက်၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုးနဲ၊ တုန်ဟုန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ မိုင်းပန်နှင့် မောက်မယ်စာစစ်ဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အထက(၁)တန့်ယန်း၊ အထက(၂)တန့်ယန်း၊ မိုင်းရယ်နှင့် မူဆယ်စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျင်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်း စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ကျောနှင့် ဟံသာဝတီစာစစ်ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အထက(၁)ကလေး၊ အထက(၃) ကလေး၊ အင်ဒိုင်းကြီး၊ မင်းကင်း၊ ပန်းဆက်၊ ကလေးဝ၊ တမူး၊ ကန့်ဘလူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ရေဦး၊ အရာတော်၊ ကသာ၊ ဗန်းမောက်၊ ဝန်းသို၊ မော်လိုက်၊ ကင်းတပ်၊ ဖောင်းပြင်၊ ခန္တီး၊ အထက(၁)ဟုမ္မလင်း၊ အထက(၂)ဟုမ္မလင်း၊ ကတ်သာ၊ မောင်းခမ်း၊ ထမံသီ၊ လေရှီး၊ ပန်ဆပ်၊ ဆွမ္မရာ၊ လဟယ်၊ နန်းယွန်းနှင့် ပန်ဆောင် စာစစ်ဌာန၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ ကျောက်ကြီးစာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ ( ၅၉၁၅ ကီလိုဟက်ဇ်)မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှ လှိုင်းလတ်( ၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း အသီးသီးဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)