ဇူလိုင် - ၁၀ ( ကြာသပတေးနေ့)
ဂါဇာက အစ္စရေးစစ်ပွဲကို ရှုတ်ချလေ့ရှိတဲ့ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖရန်ဆက်ကာ အယ်လ်ဘေးနီးစ် အား အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ကြေငြာ လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အယ်လ်ဘေးနီးစ်၏ "တရားမဝင် နှင့် ရှက်ဖွယ်ကောင်းသော ကြိုးပမ်းမှုများသည် အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ ကုမ္ပဏီများနှင့် အမှုဆောင်အရာရှိများအနေနဲ့ သူမကို အရေးယူရန် လှုံ့ဆော်မှုဖြစ်သွားတယ်" လို့ ၎င်းရဲ့ အိတ်စ်ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
"အမေရိကန်နှင့် အစ္စရေးတို့အပေါ် နိုင်ငံရေးနှင့် စီးပွားရေးစစ်ပွဲဆင်နွှဲနေသည့် အယ်လ်ဘေးနီးစ် ရဲ့ စစ်ဆင်ရေးကို သည်းမခံနိုင်တော့ပါ။ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်များဘက်မှ အမြဲရပ်တည်နေမှာပါ" လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် အယ်လ်ဘာနီးစ်ကို ဘက်လိုက်မှုနှင့် ဂျူးမုန်းတီးမှု ပြန့်ပွားရေးတွက် အမြဲလှုံ့ဆော်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲထားပြီး ဖေဖော်ဝါရီလတုန်းက အမေရိကန်သည် UNHRC တွင် ပါဝင်ခြင်းမပြုတော့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
အယ်လ်ဘေးနီးစ်သည် ဂါဇာရှိ အစ္စရေး၏စစ်ပွဲကို လူမျိုးတုံးသတ်ဖြတ်မှုဟု အကြိမ်ကြိမ် တံဆိပ်ကပ်ကာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား သည်ဟေဂ်အခြေစိုက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ ထုတ်ပြန်သော ၂၀၂၄ ဝရမ်းဖြင့် ဖမ်းဆီးရန် နိုင်ငံများအား တိုက်တွန်းထားပါတယ်။
"ကျမကတော့ ကျမလုပ်နေတဲ့အတိုင်း တရားမျှတမှုဘက်မှာ ခိုင်ခိုင်မာမာနဲ့ ယုံကြည်စိတ်ချစွာ ရပ်တည်နေပါတယ်" လို့ အယ်လ်ဘေးနီးစ် က ပိတ်ဆို့အရေးယူမှု ကြေငြာပြီးနောက် မကြာမီ အိတ်စ်ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံစလုံးသည် ICC အဖွဲ့ဝင်များမဟုတ်တာဖြစ်လို့ နေတန်ယာဟုနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းများကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့ကာတာ့ခ် က အမေရိကန်တွေရဲ့ လုပ်ရပ်အပေါ် ကောင်းမွန်ပြီး တရားမျှတမှုရှိသော အုပ်ချုပ်ရေးကို အလွန်အမင်း ထိခိုက်စေတယ်လို့ ရှုတ်ချခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment