အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၄ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင်လ ၂ ရက်နေ့ ၁၆၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်းအတိုင်း အရှေ့မှအနောက်သို့ ကိုကိုဝင်း(ခ)သူရဝင်း မောင်းနှင် လာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိခဲ့သည်။ 

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇၀၀ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၄၀ လမ်းနှင့် ၈၂ လမ်းထောင့်တွင် ဆေးပြားများရောင်းချပေးသူ မျိုးမင်းအား ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက် ဆက်လက်ဖော်ထုတ်ချက်အရ ၁၈၃၀ အချိန်တွင် ဆေးပြားများရောင်းချပေးသူ ချမ်းမြသာစည်မြို့ နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၂,၀၀၀ ပြား (တစ်ပြားလျင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၈၄၀)နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၇၅ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ်၊ မျိုးမင်း(၅၀)နှစ်နှင့် ဖြိုးကျော် (၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၂ ရက်နေ့ ၁၀၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့ နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အေးသာယာဘက်မှ ကျောက်ပန်းတောင်းသို့ အောင်ဇော်ဦး(ခ)ဖိုးခက် မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသည့် ကြက်စာမှုန့်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၃၀၀) ဖမ်းဆီးရမိသဖြင့် အောင်ဇော်ဦး(ခ)ဖိုးခက်(၃၆)နှစ်အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)