နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလမှ ယနေ့အထိ ဧရာဝတီတိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလမှ ယနေ့အထိ ဧရာဝတီတိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ







ပုသိမ်၊ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများမှတ်တမ်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် က “တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများကို မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များပြည့်စုံစွာပြုစုရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များသည် နှစ်အလိုက် မှတ်တမ်းမှတ်ရာများရှိပြီးဖြစ်ပါကြောင်း၊ မှတ်တမ်းများဆောင်ရွက်ရာတွင် အချက်အလက်များ ကျန်ခဲ့မှုမဖြစ်ပေါ်စေရေးအတွက် ဌာနအသီးသီးမှ ကော်မတီဖွဲ့စည်း၍ ဓာတ်ပုံ အရည်အသွေးကောင်းမွန်စေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ဌာနများအနေဖြင့်လည်း မိမိတို့၏ဌာနများအလိုက် ဆောင်ရွက်ချက်များကိုလည်း ဆွေးနွေးကြရန်လိုပါကြောင်း” အမှာစကား ပြောကြားသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီး၏ လုပ်ဆောင်မှုများကို မှတ်တမ်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)