ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၁၆

စ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင်လ ၈ ရက်နေ့ ည ၆ နာရီအချိန် သတင်းအရ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ အနီးတွင် မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင် နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38 EE-1000 NISSAN AD VAN မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၂,၈၃၆ ဘီလီယံတန်ဖိုးရှိဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါ၊ (Happy Water) ၂၂ ဒသမ ၆ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆,၇၈၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (၎င်းဒေသ တန်ဖိုးငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၄,၂၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား (၎င်းဒေသတန်ဖိုးငွေကျပ် ၁၀၈၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sun မိုင်းရယ်မှ မြဝတီမြို့နေ မျိုးတော်ငြိမ်း ထံသို့ ပို့ဆောင် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျုးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)