ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ







ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ၃-၇-၂၀၂၅ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးမှ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအဖွဲ့၊ အမျိုးသမီးများအရေး ဆောင်ရွက်နေကြသော အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းသူလေးများက “မြန်မာအမျိုးသမီးများနေ့” ဂုဏ်ပြုတေးသီချင်းသီဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းဆောင်ရည်အကောင်းဆုံးအမျိုးသမီးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ၂၀၂၄ ခုနှစ်အတွက် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံး (ပထမဆု)ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ (၂၈.၃.၂၀၂၅)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဘေးသင့်ခဲ့ကြသော နေပြည်တော်ကောင်စီ၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သို့ ကိုယ်တိုင်သွားရောက်၍ လှူဒါန်းထောက်ပံ့ကူညီဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်စွဲခင်မာဝင်းဦးဆောင်သည့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဒွါဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဗုဒ္ဓဝံသဗဟုသုတဓရဘွဲ့ (ပထမဆု)ရရှိခဲ့သည့် မအိကြာဖြူနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အာရှအဆင့် ကမ္ဘာငြိမ်းချမ်းရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် Winner ဆု ရရှိခဲ့သည့် မမေသူထွန်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM”မှ ဆောင်ရွက်လျက်ရှိသော “Ice breaker of Knowledge 2025 Project” ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ထူးချွန်ဆုရရှိခဲ့သော မအိမ့်သူသူခင်၊ The Open International Biology Olympiad,2025 at Sirius,Russia ပြိုင်ပွဲတွင် Bronze Medal ဆုရရှိခဲ့သော မရွန်းလဲ့ဝတီကျော်၊ PENANG JICA INVITAYIONAL JU DO CHAMPIONSHIP 2025 YOUTH JUNIOR ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသော မယွန်းဝတီစိုးနှင့် 5th AVF ASIAN VOVINAM CHAMPIONSHIP 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ် (၂)ခု ရရှိခဲ့သော ရဲတပ်ကြပ်ကြီး မမေဟန်နီအောင်လွင်တို့အား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းကဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မြန်မာမလေးပါရှင့် တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဖိတ်ခေါ်စာပေပြိုင်ပွဲ (ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ)တို့တွင် ဆုရရှိသူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးဝင်းတင့်နှင့်ဇနီးတို့က ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုပြိုင်ပွဲ၊ ဖိတ်ခေါ်စာပေပြိုင်ပွဲ (ဝတ္ထုတိုပြိုင်ပွဲ)၊ အမျိုးသမီးဘဝလုံခြုံရေး တရားဥပဒေနှင့်ကာကွယ်ပေး ဗဟုသုတဖြေဆိုပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆုများချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မြန်မာဆန်တဲ့ အလှ၊ မြန်မာအမျိုးသမီးအလှ တေးသီချင်းဖြင့်လည်းကောင်း၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများက ပြုစုကုသသူတို့ကသော အနုပညာမုဒြာ တေးသီချင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူလေးများက မြပန်းခွေတေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)